exfoliate လုပ်တယ်ဆိုတာဘာလဲ? ဘာတွေကောင်းကျိုးရှိတာလဲ? exfoliate လုပ်ဖို့ဘယ် product တွေကိုသုံးရမလဲ ဘာတွေဘယ်လိုရှိတာလဲ ဆိုတာလေးတွေသိဖို့ဖတ်လို့ရပါပြီ။


Q : exfoliate လုပ်တယ်ဆိုတာဘာလဲ?

A : exfoliate လုပ်တယ်ဆိုတာကတော့ဆဲလ်သေနဲ့အညစ်အကြေးအကြွင်းအကျန်တွေကိုဖယ်ရှားတာပါ။ပုံမှန်အားဖြင့်တော့မျက်နှာက 28-40 ရက်အတွင်းသဘာဝအလျှောက်လုပ်တဲ့ exfoliation cycle ရှိပေမယ့်ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ pollution တွေ skincare တွေ colour cosmetic တွေများစွာကမျက်နှာပေါ်မှာတင်ကျန်နေတဲ့အခါ natural exfoliation cycle ကအလုပ်သေချာမလုပ်နိုင်တော့တာကြောင့် exfoliate လုပ်ရတာဖြစ်ပါတယ်။


-------------------------------------------------


Q : exfoliate လုပ်တာကဘာကောင်းကျိုးတွေရှိတာလဲ?

A : exfoliate လုပ်တာကများသောအားဖြင့် skin ရဲ့ cell turnover rate ကိုမြန်စေပြီးချွေးပေါက်လေးတွေကိုသန့်စင်စေတာကြောင့်အကျိုးအာနိသင်တွေကအတော်များပါတယ်။ exfoliate ပုံမှန်လုပ်တဲ့အခါ မျက်နှာညစ်ထေးတာသက်သာတယ်၊အဆီဖုအဆီခဲဆားဝက်ခြံနဲ့ဝက်ခြံကဲ့သို့အဖုတွေများစွာတို့စီကရှင်းလင်းသက်သာစေတယ်၊ PIE PIH အမဲစက်မှဲ့ခြောက်နဲ့တင်းတိပ်တွေကိုမှေးမှိန်သက်သာစေတယ်၊ skincare တွေလိမ်းတဲ့အခါအာနိသင်ပိုရစေတယ်၊ skin ကကြမ်းရှရှဖုထစ်ထစ်ဖြစ်တာမျိုးကနေကင်းပြီးအသားအရေချောမွေ့စေတယ်၊အသားအရောင်မညီိတာမျိုးကသက်သာစေတယ်၊ impurities တွေကြောင့်ချွေးပေါက်ကျယ်တာမျိုးကနေသက်သာတယ်၊အရေးအကြောင်းလေးတွေကိုမှေးမှိန်လျော့ကျစေတယ် စတဲ့စတဲ့ကောင်းကျိုးတွေအပြင်တခြားကောင်းကျိုးတွေအများကြီးကိုရှိပါသေးတယ်။


-------------------------------------------------


Q: exfoliate လုပ်ဖို့ဘယ်လို product အမျိုးအစားတွေကိုအသုံးပြုရမလဲ?

A : exfoliate လုပ်ဖို့အတွက်မျက်နှာအတွက်ရော body အတွက်ရောအသုံးပြုလို့ရတဲ့ exfoliator တွေအနေနဲ့ type သုံးခုရှိပါတယ်။ physical, hybrid နဲ့ chemical ဆိုပြီးပါ။ physical ဆိုတာကတော့ သကြား, ဆား, baking soda ကဲ့သို့ scrub တွေနဲ့ exfoliate လုပ်တာမျိုးဖြစ်ပြီးသူတို့ကမျက်နှာအတွက်မသင့်တော်ပါဘူး။နောက်တစ်ခု physical ကတော့ natural exfoliator တွေဖြစ်တဲ့ clay mask နဲ့ peel off mask တို့ပါ။သို့သော် clay mask တွေကကျ pore purifying အတွက်ပဲပိုကောင်းပါတယ်။ peel off mask တွေကတော့ abrasive ဖြစ်လို့ရံဖန်ရံခါသုံးတာပဲကောင်းပါတယ်။


hybrid exfoliators တွေကတော့ peeling gel တွေပါ။ peeling gel တွေကတော့ scrub ပုံစံကိုမှ mild version ဖြစ်ပြီးမျက်နှာအတွက်သင့်တော်ပါတယ်။များသောအားဖြင့် peeling gel တွေကအပင်ကရတဲ့ cellulose (phyiscal) ကိုအခြေခံပြီး enzyme သို့ chemical exfoliant တွေဖြစ်တဲ့ AHA, BHA, PHA, LHA စတာတွေနဲ့ hybrid လိုလေးလာပါတယ်။


chemical exfoliators တွေကတော့ chemical exfoliant တွေဖြစ်တဲ့ AHA (alpha hydroxy acid), BHA(beta hydroxy acid), PHA (polyhydroxy acid) နဲ့ LHA (lipo hydroxy acid) တို့ပါတဲ့ product တွေပါ။သူတို့ကတော့ concentration ပေါ်မူတည်ပြီးရွေးချယ်လို့ရသလို skin ပေါ်မှာသက်တောင့်သက်သာနဲ့အလုပ်ကောင်းကောင်းလုပ်ပေးနိုင်လို့လူကြိုက်များလူသုံးများပါတယ်။ဒီ chemical exfoliator တွေမှာက wash off လုပ်ရတာနဲ့ leave-on ဆိုပြီးနှစ်မျိုးရှိပါသေးတယ်။


-------------------------------------------------


ဆိုတော့ဒီလောက်ဆိုအကြမ်းဖျင်းသိသွားကြပြီမလို့ exfoliate လုပ်တဲ့ type သုံးခုရဲ့အကြောင်းနဲ့ဘာကိုဘယ်လိုရွေးသင့်တယ် ဘာကဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုတော့အောက်ကပုံတစ်ခုချင်းစီမှာထောက်ပြီးဆက်ဖတ်ကြည့်နော်။


#dansdiary #dansexfoliation #dansqna

#dansknowledgentips


physical exfoliators တွေနဲ့သူတို့ရဲ့ဆောင်ရန်ရှောင်ရန်နဲ့သိထားသင့်တဲ့အချက်များ


physical exfoliator တွေဖြစ်တဲ့ သကြား, ဆား, baking soda စတဲ့ပွတ်တိုက်ရတဲ့ texture ကြမ်းတဲ့ physical exfoliator တွေကခန္ဓာကိုယ်ကလွဲပြီးမျက်နှာနဲ့လည်ပင်းမှာသုံးဖို့လုံးဝမသင့်တော်ပါဘူး။ဒါကြောင့်မျက်နှာကို exfoliate လုပ်ဖို့ဆို physical exfoliator တွေဖြစ်တဲ့ scrub လိုမျိုးတွေကိုဘယ်တော့မှမရွေးပါနဲ့။


physical exfoliator ဆိုတဲ့နေရာမှာ clay mask ကဲ့သို့ wash off mask တွေကတော့ရွေးချယ်လို့ရပါတယ်။သို့သော်သူတို့က natural exfoliator ဖြစ်တာကတစ်ကြောင်းအပြင် သူတို့ရဲ့ mechanism ကအဆီကိုစုပ်ယူရင်းအဆီနဲ့အတူရှိနေတာတွေကိုရှင်းလင်းတာဖြစ်လို့ pores purifying အတွက်ပိုကောင်းပါတယ်။ဒါပေမယ့် product formula အပေါ်မူတည်ပြီး target ပိုတိုးတာမျိုးလည်းရှိတတ်ပါတယ်။ ဥပမာ AHA BHA တို့နဲ့တွဲထားတာမျိုးပါ။


နောက်တစ်ခုကတော့ peel off mask တွေပါ။ peel off mask တွေကလည်း skin ပေါ်မှာ abrasive ဖြစ်နိုင်သေးတာမလို့ရံဖန်ရံခါလောက်သုံးတာပဲကောင်းပါတယ်။သူတို့ကိုရံဖန်ရံခါသုံးတဲ့အခါရေနွေးငွေ့လေးနဲ့ချွေးပေါက်လေးတွေကိုဖွင့်ပေးပြီးမှသုံးတာပိုကောင်းပါတယ်။မဟုတ်ရင်ချွေးပေါက်တွေပိုကျယ်တာမျိုးဖြစ်တတ်လို့ပါ။


တခြားထပ်ရှိသေးတာကတော့ အဝတ်စနဲ့ပွတ်တာတို့၊ sponge သုံးတာတို့၊ exfoliation brush နဲ့ gloves တို့ကိုသုံးတာလည်းရှိပါသေးတယ်။ဒါပေမယ့်အဲတာတွေကလည်း scrub နီးနီး abrasive ဖြစ်တာကြောင့် recommend မလုပ်ပါဘူး။


-------------------------------------------------


Q : physical exfoliators တွေကဘယ်လိုအလုပ်လုပ်တာလဲ? သူတို့ကဘာအတွက်ပိုကောင်းတာလဲ?

A : wash off mask နဲ့ peel off mask တွေသည်ချွေးပေါက်ထဲကအညစ်အကြေးတွေကိုစုပ်ယူပြီးချွေးပေါက်ကိုသန့်စင်ပေးတာကြောင့်အဆီပြန်တာအဓိကသက်သာပြီးအဆီမျှင်အဆီဖုအဆီခဲချွေးပေါက်ကျယ်အသားညစ်တာတို့အတွက်အထူးကောင်းမွန်ပါတယ်။


-------------------------------------------------


Q : physical exfoliators တွေကိုဘယ်လိုသုံးရမလဲ?

A : physical exfoliators တွေကိုဘယ်လိုအသုံးပြုရမယ်ဆို double cleansing အရင်လုပ်ပါ ပြီးတဲ့အခါ clay mask တွေကဲ့သို့ wash off တွေကတော့ double cleansing အပြီးမှာထူထူလေးလူးပြီးခြောက်သွားအောင် 15-30mins လောက်ထားပြီးရင်ရေဆေးချပြီးရင် skin ဆက်ကဲလို့ရပါပြီ။ peel off mask တွေကတော့ double cleansing လုပ်ထူထူလေးလူးပြီးခြောက်အောင်ထားပြီးရင်ခွာပြီး skin ဆက်ကဲလို့ရပါပြီ။


စာကြွင်း - ဘယ် exfoliator သုံးသုံး သုံးပြီးရင် active ingredient ပမာဏများတာတွေ chemical exfoliant အပြင်းစားတွေ နဲ့ retinol တွေနဲ့တွဲမသုံးရပါဘူး။ညဘက်ပဲလုပ်ရပြီးလုပ်ပြီးတဲ့အခါ moisturizer သေချာလူးဖို့နဲ့နောက်နေ့မနက်မှာ sunscreen ကိုပမာဏပြည့်ပြည့်ဝဝလူးဖို့လိုကိုလိုပါတယ်။ဒါတွေမလုပ်နိုင်ရင် exfoliate မလုပ်ပါနဲ့။ skin အခြေအနေကိုပိုဆိုးသွားတတ်ပါတယ်။


#dansphysicalexfoliators


hybrid exfoliator တွေနဲ့သူတို့ရဲ့ဆောင်ရန်ရှောင်ရန်နဲ့သိထားသင့်တဲ့အချက်များ


hybrid exfoliators ဖြစ်တဲ့ peeling gel တွေကတော့မျက်နှာရော body ရောအတွက်ပိုပြီးနူးညံ့စွာနဲ့ exfoliate လုပ်ပေးပါတယ်။အကယ်၍ကိုယ်က scrub လိုပွတ်ရတာမျိုးကိုသဘောကျတယ်ဆို peeling gel ကရွေးချယ်သင့်တဲ့အထဲကပါ။


peeling gel တွေက physical + chemical အရောဖြစ်တာမလို့ skin ပေါ်မှာသိသာတဲ့ result တစ်ခုကို product ရဲ့ formulation အပေါ်မူတည်ပြီးပေးနိုင်ကြပါတယ်။တစ်ခုရှိတာကကိုယ့် skin နဲ့ကိုက်ညီတဲ့တစ်ခုတော့ဖြစ်ဖို့လိုပါမယ်။နောက်ထပ်သိထားသင့်သေးတာတစ်ခုကတော့ peeling gel တွေကလည်းအနည်းငယ်ပွတ်ရသေးတာဖြစ်လို့အသုံးပြုတဲ့အခါအတင်းဖိမပွတ်ရပါဘူး။


နောက်ပြီး peeling gel တွေက facial hair များတဲ့သူတွေနဲ့ body  hair များတဲ့သူတွေသုံးလို့အဆင်သိပ်မပြေပါဘူး။အမွှေးတွေနဲ့လုံးပြီးညိတာရှုပ်တာတွေဖြစ်တတ်လို့ပါ။


-------------------------------------------------


Q : physical exfoliators တွေကဘယ်လိုအလုပ်လုပ်တာလဲ? သူတို့ကဘာအတွက်ပိုကောင်းတာလဲ?

A : peeling gel တွေကအထူးသဖြင့်တော့အသားအရေညစ်ထေးတာ, အသားအရေမချောမွေ့တာ, အဆီဖုအဆီခဲအဆီမျှင်နဲ့ဝက်ခြံတို့အတွက်ပိုကောင်းပါတယ်။နောက်ပြီး hyperpigmentation လေးတွေကိုလည်းမှေးမှိန်သက်သာဖို့အထောက်အကူဖြစ်ပါတယ်။


-------------------------------------------------


Q : hybrid exfoliators တွေကိုဘယ်လိုသုံးရမလဲ? 

A : hybrid exfoliator ဖြစ်တဲ့ peeling gel ကိုဘယ်လိုအသုံးပြုရမလဲဆိုရင် double cleansing လုပ်ပြီးတဲ့အခါထူထူလေးလိမ်း 3 မိနစ်ထားပြီးရင်စက်ဝိုင်းပုံစံ 1 မိနစ်လောက်ပွတ်ပြီးရေဆေးချ ပြီးရင် skincare လို့ရပါပြီ။ 


စာကြွင်း - ဘယ် exfoliator ကိုပဲသုံးသုံး သုံးပြီးရင် active ingredient ပမာဏများတာတွေ chemical exfoliant အပြင်းစားတွေ နဲ့ retinol တွေနဲ့တွဲမသုံးရပါဘူး။ညဘက်ပဲလုပ်ရပြီးလုပ်ပြီးတဲ့အခါ moisturizer သေချာလူးဖို့နဲ့နောက်နေ့မနက်မှာ sunscreen ကိုပမာဏပြည့်ပြည့်ဝဝလူးဖို့လိုကိုလိုပါတယ်။ဒါတွေမလုပ်နိုင်ရင် exfoliate မလုပ်ပါနဲ့။ skin အခြေအနေကိုပိုဆိုးသွားတတ်ပါတယ်။


#danshybridexfoliators


chemical exfoliator တွေဖြစ်တဲ့ AHA, BHA, PHA, LHA တို့နဲ့သူတို့ရဲ့ဆောင်ရန်ရှောင်ရန်နဲ့သိထားသင့်တဲ့အချက်များ


chemical exfoliants တွေဖြစ်တဲ့ AHA, BHA, PHA, LHA တွေအကုန်လုံးသည် Q2 မှာပြောခဲ့တဲ့အတိုင်းအာနိသင်ရှိကြပေမယ့် concentration, molecules sizesနဲ့ formulation တွေပေါ်မူတည်ပြီးအနည်းငယ်ကွဲတာမလို့ကိုယ့် skin type နဲ့ concern အပေါ်မူတည်ပြီးသေချာရွေးချယ်ဖို့လိုပါတယ်။ chemical exfoliators တွေက formula အရမ်းအရေးကြီးလို့သေချာရွေးဝယ်သုံးဖို့လိုပါတယ်။


chemical exfoliators တွေမှာက leave-on နဲ့ wash off ဆိုပြီးရှိပြီး leave-on တွေကခဏထားပြီးရေဆေးချရတဲ့ wash off တွေထက်ပိုသိသာပါတယ်။ဥပမာဆို မျက်နှာမှာတစ်ညလုံးရှိနေမယ့် toner, treatment step နဲ့ moisturizer step တွေဆို leave-on လို့ခေါ်ပြီး the ordinary ရဲ့ peeling solution လိုမျိုးဆိုခဏထားပြီးရေးဆေးချရတာဖြစ်လို့ wash off လို့ခေါ်ပါတယ်။


chemical exfoliant လေးမျိုုးမှာ AHA နဲ့ PHA ကတစ်ဖွဲ့ဖြစ်ပြီး BHA နဲ့ LHA ကတစ်ဖွဲ့ဖြစ်ပါတယ်။ AHA နဲ့ BHA က powerhouse တွေဖြစ်ပြီး PHA နဲ့ LHA ကတော့သူတို့ရဲ့ mild version လေးတွေဖြစ်ပြီး sensitive skin friendly ဖြစ်ကြတဲ့ type လေးတွေပါ။


နောက်ပြီး plant derived enzyme လေးတွေလည်းရှိပါသေးတယ်။သူတို့ကလည်း chemical exfoliant  အနေနဲ့အကြုံးဝင်ပေမယ့်အတော်ကိုပျော့ပါတယ်။ဥပမာဆို enzymes အနေနဲ့ papain (သင်္ဘောသီးကရ), bromelin (နာနတ်သီးကရ), pumpkin enzymes (ရွှေဖရုံသီးကရ) စတာလေးတွေပါတတ်ကြပါတယ်။သူတို့က PHA နဲ့ဆင်ပြီးပိုပျော့တာများပါတယ်။ potency က formulation ပေါ်မူတည်လို့ပုံသေတော့မဟုတ်ပါဘူး။


-------------------------------------------------


Q : AHA နဲ့ PHA တို့ကဘယ်လိုအလုပ်လုပ်တာလဲ? သူတို့ကဘာအတွက်ပိုကောင်းတာလဲ? AHA PHA ချင်းပါတာတူရင်တောင်ပါဝင်ပစ္စည်းတွေကမတူလို့ဘာကွာတာလဲ?

A : AHA နဲ့ PHA အကြောင်းကစပြောရရင်သူတို့ skin အပေါ်အလွှာကို exfoliate လုပ်တဲ့အမျိုးအစားချင်တူပါတယ်။အဆီမှာမပျော်ဝင်နိုင်ကြလို့ dry skin, dry to combination, combination နဲ့ normal skin တို့အတွက်ပိုကောင်းပါတယ်။ AHA နဲ့ PHA တို့ကအသားညစ်ထေးတာနဲ့ အသားအရေကကြမ်းရှရှဖုထစ်ထစ်ဖြစ်တာနဲ့ hyperpigmentation တွေအတွက်ပိုပြီးကောင်းပါတယ်။


AHA မှာက molecules သေးလေ skin ပေါ်မှာပိုမိုစိမ့်ဝင်နိုင်လေဖြစ်လို့ result ပိုသိသာပါတယ်။သို့သော် molecule သေးရင်ပိုတော့ပြင်းသွားပါတယ်။ AHA ရဲ့ skincare product တွေမှာပါတဲ့အမြင့်ဆုံးပမာဏက 30% ဖြစ်ပြီးသာမာန်အားဖြင့်တော့ 2% ကနေ 10% လောက်အထိပဲသုံးဖို့ပိုပြီး recommend ပါတယ်။ 


beginner ဆို PHA ကစလည်းရစလို AHA ကို molecule ကြီးတဲ့ acid ပါတာ သို့မဟုတ် % နည်းတာကနေစသုံးဖို့ recommend ပါတယ်။ sensitive skin တွေဆိုရင်လည်းထိုနည်းတူပါပဲ။


AHA မှာက glycolic acid (ကြံကရ) > lactic acid (နို့ကရ) > malic acid (ပန်းသီးကရ) > tartaric acid (စပျစ်သီးကရ) > citric acid (အချဉ်ပါတဲ့အသီးတွေကရ) > madelic acid (bitter almond ကရ) စသဖြင့် molecule size တွေကကြီးစဉ်ငယ်လိုက်ရှိပါတယ်။ငယ်သွားလေပိုပြီး gentle ဖြစ်လာပြီး sensitive skin friendly ဖြစ်လေဖြစ်ပါတယ်။


PHA ဟာလည်း AHA လိုပဲဖြစ်ပါတယ်။သူ့မှာဆိုရင် gluconolactone (ပြောင်းဖူးကရ) > lactobionic acid (lactose ကရ) > galactose (milk sugar ကရ) စသဖြင့်ကြီးစဉ်ငယ်လိုက်သွားပါတယ်။ PHA ကနဂိုထဲက AHA ရဲ့အပျော့ verison ဖြစ်တာမလို့များသောအားဖြင့်တော့ gluconolactone နဲ့ lactonionic acid ကိုပဲသုံးကြတာများပါတယ်။


-------------------------------------------------


Q : BHA နဲ့ LHAတို့ကဘယ်လိုအလုပ်လုပ်တာလဲ? BHA နဲ့ LHA ချင်းပါတာတူရင်တောင်ပါဝင်ပစ္စည်းတွေကမတူလို့ဘာကွာတာလဲ? သူတို့ကဘာအတွက်ပိုကောင်းတာလဲ?

A : BHA နဲ့ LHA ကတော့အဆီမှာပျော်ဝင်နိုင်တဲ့ exfoliants တွေဖြစ်ကြလို့အထူးသဖြင့် oily, combination to oily နဲ့ normal တို့အတွက်ပိုကောင်းပြီးဆားဝက်ခြံအဆီဖုအဆီခဲအဆီမျှင်နဲ့ဝက်ခြံမျိုးစုံတို့အတွက်အထူးကောင်းပါတယ်။


BHA နဲ့ LHA တို့ကအဆီမှာပျော်ဝင်ပြီးအဆီကိုဖျော်ချပေးတဲ့အပြင် antibacterial properties ပါရှိတာကြောင့် acne-prone skin တွေအတွက်အထူးကောင်းမွန်တဲ့အပြင် pore clogged ဖြစ်တာကဲ့သို့ချွေးပေါက်ပိတ်ပြီးဖြစ်တဲ့ပြသာနာမှန်သမျှကိုဖြေရှင်းပေးနိုင်ပါတယ်။ acne spot treatment အများစုမှာ ဆိုရင်လည်း main ingredient အနေနဲ့သုံးကြပါတယ်။


BHA နဲ့ LHA ဟာလည်း molecule သေးလေပိုပြီးထိရောက်လေးဖြစ်ပါတယ်။ molecule ကြီးလေပိုပြီး gentel ဖြစ်ပြီး sensitive skin friendly ဖြစ်ပါတယ်။ BHA က 2% ကအမြင့်ဆုံးဖြစ်ပြီး beginner ဆို 0.5% ကနေစသုံးစေချင်ပါတယ်။အသားကျပြီးခံနိုင်ရည်ရှိလာရင်တော့ 1% ကနေ 2% အထိတိုးသုံးနိုင်ပါတယ်။ 


beginner ဆို LHA ကစလည်းရစလို BHA ကို betain salicylate ကစသုံးတာသို့မဟုတ် salicylic acid ကိုကု 0.5% လောက်ကနေစသုံးဖို့ recommend ပါတယ်။ sensitive skin တွေဆိုရင်လည်းထိုနည်းတူပါပဲ။


BHA မှာဆိုရင် salicylic acid (willow bark ကရ)  နဲ့ betain salicylate ( sa ထက်ထက်ဝက်ပျော့) ကအသုံးများပါတယ်။ salicylic acid 2% = 4% betain salicylate ပါ။ဒါတောင်သူကတူတယ်ဆိုပေမယ့်ပျော့ပါသေးတယ်။ LHA မှာဆိုရင်တော့ capryloyl salicylic acid ကအသုံးအများဆုံးဖြစ်ပါတယ်။


-------------------------------------------------


Q : chemical exfoliators တွေကိုဘယ်လိုသုံးရမလဲ?

A : chemical exfoliants တွေကိုအသုံးပြုနည်းကတော့ wash off type ဆို double cleansing လုပ်ပြီးမျက်နှာပေါ်မှာဘူးကပါတဲ့ instruction အတိုင်းကိုယ်နဲ့ကိုက်ညီတဲ့မိနစ်တစ်ခုကိုထားပါ ပြီးရင်ရေဆေးပြီးစကင်ဆက်ကဲလို့ရပါပြီ။ leave-on type ဆိုရင်တော့သူ့ product step နေရာအတိုင်းလူးပြီး moisturizer အုပ်ရင်ရပါပြီ။ 


-------------------------------------------------


fun facts : AHA, BHA, PHA, LHA အကုန်လုံးသည် skin types အကုန်လုံးသုံးလို့ရပါတယ်။ target အနည်းငယ်ကွဲလို့သာ concern အရပြန်ခွဲသုံးတာကပိုသင့်တော်လို့ပါ။သို့သော် brand formulation တွေအပေါ်မူတည်ပြီးအပြောင်းအလဲတွေရှိတတ်လို့ပုံသေမှတ်ထားလို့တော့မရပါဘူး။ဆိုလိုချင်တာကတော့ AHA နဲ့ PHA ဆို dry skin မှ BHA နဲ့ LHA ဆို oily skin မှဆိုပြီးပုံသေမှတ်ထားတာမျိုးလုပ်လို့မရဘူးဆိုတာပါ။ dry skin လည်းဆားဝက်ခြံရှိနေရင် BHA ကို hydration formula နဲ့ဆိုသုံးလို့ရတာမျိုး oily skin ဆိုလည်း AHA ကို skin tone နဲ့တခြားအရာတွေအတွက်သုံးလို့ရတာမျိုးကိုဆိုလိုတာပါ။ပုံသေဒါမှဒါဆိုပြီးမရှိပါဘူး။တစ်ယောက်နဲ့တစ်ယောက်ရဲ့အခြေအနေပေါ်ပဲအဓိကမူတည်ပါတယ်။


စာကြွင်း - ဘယ် exfoliator ကိုပဲသုံးသုံး သုံးပြီးရင် active ingredient ပမာဏများတာတွေ chemical exfoliant အပြင်းစားတွေ နဲ့ retinol တွေနဲ့တွဲမသုံးရပါဘူး။ညဘက်ပဲလုပ်ရပြီးလုပ်ပြီးတဲ့အခါ moisturizer သေချာလူးဖို့နဲ့နောက်နေ့မနက်မှာ sunscreen ကိုပမာဏပြည့်ပြည့်ဝဝလူးဖို့လိုကိုလိုပါတယ်။ဒါတွေမလုပ်နိုင်ရင် exfoliate မလုပ်ပါနဲ့။ skin အခြေအနေကိုပိုဆိုးသွားတတ်ပါတယ်။


#danschemicalexfoliators

Comments

Popular posts from this blog

dan's reject products