dr.ceuracle : cica regen 95 soothing gel {detailed review}
ပစ္စည်းတစ်ခုရဲ့ 100% formula မှာ cica extract ကို 95% အထိတောင်ထည့်သွင်းအသုံးပြုထားတာကြောင့် calming / soothing အားက intensive treatment step တစ်ခုလိုမြန်မြန်ဆန်ဆန်အလုပ်လုပ်တဲ့ကောင်ပါ။
dan" ဒါကိုရေးတာအကြိမ်ပေါင်းမနည်းတော့သလိုဘူး dan" ရေးထားတာဖတ်ပြီးဝယ်သုံးကြတဲ့ danies တိုင်းအကြိုက်တွေ့ကြလို့ stock ပျက်တဲ့အထိကြိုက်ကြတဲ့ soothing gel ပါ။
ရိုးရှင်းတဲ့ inci, multipurpose အသုံးပြုလို့ရမှုနဲ့ ပေါ့ပါးတဲ့ gel texture အေးအေးလေးကြောင့်အဆီပြန်တာကိုလျော့ကျသက်သာစေတဲ့ multifunction treatment soothing gel ဖြစ်တာကြောင့်တစ်ဗူးဝယ်ထားရင်ဘက်စုံအသုံးဝင်တာကြောင့်ကြိုက်နှစ်သက်ကြတာပါ။
soothing / calming အားကအတော်ကိုမြင့်မားတာကြောင့်သာမာန် redness လေးတွေဆိုသူကိုထူထူလေးအုံတာနဲ့သက်သာပါတယ်။ heat bumps လေးတွေ heat rash လေးတွေဆိုတာဝေးဝေးဂိုးပါပဲ။
soothing gel လို့ဆိုပေမယ့် treatment step တစ်ခုလိုကို efficacy မြင့်မားတာကြောင့် treatment step အနေနဲ့လား, moisturizer step မှာပေါ့ပါးအေးမြတဲ့ gel အနေနဲ့လား, အပူကြောင့်ဖြစ်ဖြစ် irritation ရလို့ဖြစ်ဖြစ် instant relief ဖြစ်စေဖို့ gel mask အနေနဲ့သုံးမလား, ဝက်ခြံတွေ angry ဖြစ်နေတာကိုသက်သာစေဖို့ spot treatment အနေနဲ့တို့မလား, after wax မှာလိမ်းမလား ဘက်စုံအသုံးပြုလို့ရတဲ့အပြင်သိသာတာမလို့တစ်ဗူးစီလောက်ရှိထားသင့်တဲ့ multifunction treatment soothing gel ပါ။
refrigerator ထဲကိုလည်းထည့်သွင်းအသုံးပြုလို့ရတာကြောင့် extract ကပေးတဲ့ soothing / calming effect အပြင် cooling sensation ကိုပါထပ်တိုးခံစားစေနိုင်တဲ့ကောင်ဖြစ်လို့ all-rounder ပါပဲ။
soothing gel type ဖြစ်တာမလို့ mositurizer step မှာလူးလို့ရသော်လည်းသူ့ရဲ့ type အရနည်းပါးလွန်းတဲ့ hydration နဲ့ moisture seal မလုပ်ပေးနိုင်မှုကြောင့်ညဘက်မှာ moisturizer step အနေနဲ့လူးဖို့ရာရာသီဥတုမပူရင် dry ဖြစ်နိုင်တာကိုတော့သတိရစေချင်ပါတယ်။
{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 110g | 35k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : yes | yes
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | gel | calm & soothe
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 2-4 weeks above
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : all skin types + calming > soothing > acne-prone > sensitive
🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : centella complex, kiwi, lotus, roselle
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#dansmoisturizer
#dans_drceuracle_cica_regen_95_soothing_gel_review

Comments
Post a Comment