မဖြူမပြာတဲ့ chemical type moisturizing sunscreen ပါ။


chemical uv filter လေးခုနဲ့ hybrid တစ်ခုပါတဲ့ sunscreen ပါ။ chemical type လို့ပဲဆိုရင်လည်းရပါတယ်။တခြားသော moisturizing sunscreen နည်းတူပဲလိမ်းရကောင်းပြီးဖြူတာပြာတာမဖြစ်ဘူး။လိမ်းရတာသွက်ပြီးပွတ်ဆွဲရတာမျိုးမရှိဘူး။


moisturizing sunscreen မလို့ oil skin တွေဆိုမျက်နှာသစ်ပြီးတန်းလူး power pact လေးပုတ်တာကပိုပြေပါတယ်။ dan" လိမ်းတဲ့တစ်လျှောက်လုံးမျက်စိစပ်တာမျိုးလည်းမကြုံရဘူး။တော်တော်လေးလိမ်းလို့ကောင်းပါတယ်။


texture က lotion texture ရှိပြီး finish ကတော့အတော်လေးစိုစိုလေးရှိတယ်။အနံ့ကလည်း artificial fragrance မပါလို့ပုံမှန် sunscreen အနံ့ပဲ။


သူ့ဈေးတန်းနဲ့သူ့ quality ကများများစားစားပြောစရာကိုမရှိလို့အများကြီးမပြောတော့ပါဘူး။အတော်ကောင်းတဲ့ sunscreen ပါ။ကောင်းလို့ကိုဒီ scinic ရဲ့ဒီ sun essence ကကိုရီးယားမှာပါ glow pick ဆုရထားတာဖြစ်လို့ quality နဲ့ spf grading ကပြောစရာကိုမလိုပါဘူး။


ဈေးအတန်ဆုံးထဲက spf ပြည့်ပြီး quality ကောင်းတာကိုသုံးချင်ရင် scinic ရဲ့ဒီတစ်ခုကထည့်ကိုစဉ်းစားသင့်တဲ့တစ်ခုပါ။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 50ml | 29.5k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : sunscreen | lotion | dewy to glowy

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 30mins after applying

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? :  yes, yes, no, yes, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : dry > normal > combination > oily + uv protection


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : green tea, bamboo, centella


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#danssunscreen #dansuvprotection

#dans_scinic_enjoy_super_mild_sun_essence_review

Comments

Popular posts from this blog

dan's reject products