ချွေးပေါက်သိသိသာသာကျယ်နေပြီးအသားအရေကညက်ညက်ညောညောကြည်ကြည်လင်လင်တင်းတင်းရင်းရင်းမရှိဘူးဖြစ်နေတယ်၊အရေးအကြောင်းလေးတွေနည်းနည်းစပေါ်နေတယ်၊အဆီပြန်နှုန်းလည်းလျော့ချင်တဲ့အပြင်အဆီဖုဝက်ခြံတွေခဏခဏထွက်ပြီး breakout ဖြစ်တာကိုလည်းလျော့ချင်ရင်ဒီ 2024 latest technology နဲ့ celimax ရဲ့retinol shot tightening serum ကရွေးချယ်သင့်တဲ့အထဲကပါပဲ။
retinol ဆိုတာက king of ingredient အဖြစ်သူ့ရဲ့ multifunction efficacy ကြောင့်လူသိများပါတယ်။သို့သော် retinol serum တွေမှာကအာနိသင်သေချာရဖို့နဲ့ formulation stable ဖြစ်ဖို့ရာ unique ဖြစ်တဲ့ formulation နဲ့ နာမည်ရှိတဲ့ brand တစ်ခုဖြစ်နေဖို့ကလိုကိုလိုပါတယ်။
ဒီ celimax မှာက retinol 0.1% + 2024 ရဲ့ latest tech ဖြစ်တဲ့ micro-needling in bottle formula နဲ့ peptides 9 မျိုး + panthenol 1% ကို air & light exposure တို့ကြောင့် retinol နဲ့တခြားပါဝင်ပစ္စည်းတွေရဲ့အာနိသင်ကိုလျော့ကျမသွားစေတဲ့ airless pump နဲ့ထုတ်ထားတာပါ။
သာမန် retinol treatment step တွေထက်အရမ်း innovative ဖြစ်တဲ့ 2024 latest formulation ကိုသုံးထားတာကြောင့် cell turnover rate ကပိုမြန်ပြီး result ကပိုပြီးမြန်မြန်မြင်ရတယ်။ဆိုတော့မြန်မြန်သိသာချင်တဲ့သူတွေအကြိုက်ပါ။
retinol နဲ့ 2024 latest tech ဖြစ်တဲ့ချွေးပေါက်ထက် 16ဆ သေးငယ်တဲ့ spicules လေးတွေကပေးတဲ့ controlled micro injuries လေးတွေကြောင့် skin ရဲ့ natural collagen နဲ့ elastin တွေကိုပိုမိုထွက်စေတဲ့အပြင်ကိုမှ skin elasticity, skin barrier, healing process အတွက်ကောင်းမွန်တဲ့ peptides complex (peptides 9 မျိုး) နဲ့ panthenol 1% ကို infused လုပ်ပြီးထုတ်ထားတာကြောင့်ဒီ retinol serum ကအတော်လေးထိထိမိမိဖြစ်တာပါ။ best peptides တွေဖြစ်တဲ့ matrixyl နဲ့ copper peptide တို့လည်းကိုးမျိုးထဲမှာပါပါတယ်။
ဒါကို dan" အစက shot ကို retinol ထည့်ထားတာမျိုးကြောင့် skin irritation ရမှာ skin barrier ထိသွားမှာအရမ်းစိတ်ပူခဲ့ပေမယ့်တကယ်တမ်းသုံးကြည့်တော့ပြောင်းပြန်ပါ။ retinol serum ကိုမှပိုပြီးမြန်ဆန်ကောင်းမွန်တဲ့ result ရအောင် shot formulation ကိုသုံးထားတာပါ။ဒီနှစ်ခုကတူသလိုလိုနဲ့မတူပါဘူး။
texture ပိုင်းမှာလည်းအတော်လေးကျဲပြီးသာမာန် retinol serum တွေရဲ့ခပ်ပျစ်ပျစ် texture ကနေခွဲထွက်သွားလို့လိမ်းရပိုသွက်ပြီးဆန်းလည်းဆန်းသွားတယ်။ alcohol, essential oil နဲ့ artifical fragrance တွေလည်းမပါလို့ဒါတွေနဲ့မတည့်တဲ့ sensitive skin တွေနဲ့ကအစအဆင်ပြေမှာပါ။
သူက shot formulation ကိုသုံးထားလို့လိမ်းရင်အနည်းငယ်ခပ်စူးစူးလေးတော့ဖြစ်ပါတယ်။ဒါကပုံမှန်ပါ။သို့သော် spicules ပမာဏကနည်းလို့အလွန်အမင်းနေရခက်တာမျိုးဖြစ်မှာမဟုတ်တာကြောင့်အေးဆေးအနေအထားပါ။
ဒီမှာ dan" expectation မြင့်ပြီးလက်ထဲရောက်လာတော့သိပ် satisfied မဖြစ်တာက packaging ပါ။ထင်ထားတာထက်ပေါ့ပြီးစာမရိုက်ထားပဲစတေကာကပ်ထားတယ်ပေါ့။သူ့ဈေးနှုန်းနဲ့ပြန်ပေးထားတဲ့ result, formulation နဲ့ ingredient အရဆိုရင်တော့ဒါကထည့်ပြောစရာတော့မဟုတ်ပေမယ့်လည်း quality နဲ့လိုက်တဲ့ packaging ထည်ထည်လေးကိုတော့လိုချင်မိတယ်။
pricing အပိုင်းမှာလည်းသူက shot formulation ကိုသုံးထားတဲ့ retinol treatment step တွေတစ်ခုအနေနဲ့အတော်ကိုဈေးသက်သာပါတယ်။ 30ml မှ 52000 ဝန်းကျင်မလို့အကုန်လုံးသုံးနိုင်မယ့်အနေအထားပါ။ဒီငွေဈေးမှာအတော်တန်ပါတယ်။
retinol serum ကောင်းကောင်းတွေဆိုတာကဟိုးအရင်ငွေဈေးထဲက 30ml ကို 5သောင်းပတ်ချာလည်ရှိတာမလို့ဒီကာလမှာ celimax brand ကိုဒီ 2024 latest formula နဲ့ standard size 30ml ကိုဒီဈေးပဲပေးသုံးရတာတကယ်ကိုတန်လွန်းပါတယ်။
ချုံပြောရရင်ဟိုးထိပ်အစမှာပြောခဲ့တဲ့အချက်တွေသက်သာဖို့ skincare နေတယ်ဆို highly highly recommend ပါ။ပေးရတဲ့ဈေးနဲ့တန်တယ်ဆိုတာဒါမျိုးကိုခေါ်တာပါ။လေပဲမဟုတ်ပဲလက်တွေ့ clinical result တွေကအစ gg မှာရိုက်ရှာကြည့်လို့ရတာမလို့သုံးကြည့်ရင် dan" ပြောတာထက်ပိုတယ်ဆိုတာသိကြပါလိမ့်မယ်။ cmt မှာလည်း dan" ပြထားပေးပါမယ်။
အစမှာပြောခဲ့တဲ့အချက်တွေအပြင်သူက cell turnover rate ကိုသိသိသာသာမြန်စေတာကြောင့် skin ကိုသိသိသာသာ smooth ဖြစ်စေတဲ့အပြင် pore clogged ဖြစ်ပြီးအဆီဖုဝက်ခြံထွက်တာ, anti aging အတွက်, အဆီပြန်နှုန်းလျော့တာ, sebum regulation ကြောင့်အဆီမျှင်သက်သာတာ နဲ့ acne scar ပိစိလေးတွေပါလျော့ကျသက်သာနိုင်ပါတယ်။သို့သော်ဒါကတော့တစ်ယောက်နဲ့တစ်ယောက်နည်းနည်းကွာမှာပါ။
စာကြွင်း - beginner friendly ဖြစ်ပြီး အသက် 20 နဲ့အထက်ကစလူးနိုင်ပါတယ်။ AHA, BHA, vitamin c (high concentration), niacinamide (high concentration) , exfoliators တွေအပြင် skincare device တွေနဲ့တွဲမသုံးရပါဘူး။ညဘက်သီးသန့် toner (သို့) essence ကျဲကျဲလေးအပြီးမှာလိမ်းရပါတယ်။
လိမ်းပြီးရင် noirshment ကောင်းကောင်းပေးနိုင်တဲ့ moisturizing ကောင်းတဲ့ moisturizer လေးလိမ်းကိုလိမ်းပေးဖို့လိုပါတယ် ဒါမှသိသာတဲ့ result ကိုမြင်ရမှာပါ။မနက်ဆိုရင်လည်း sunscreen ကို 2 fingers method နဲ့သေချာပြည့်ပြည့်ဝဝလူးပေးဖို့လိုပါတယ် ဒါမှအာနိသင်ကိုသေချာမြင်ရမှာပဲဖြစ်ပါတယ်။
အပေါ်ကပြောခဲ့တဲ့အချက်တွေသာဂရုစိုက်ပြီးညတိုင်းသေချာလူးရင် result ကအရမ်းသိသာပါတယ်။တစ်ခုရှိတာကတော့ clinic မှာ treatment ယူမှသက်သာနိုင်တော့မယ့်ချွေးပေါက် size & depth, scar နဲ့ hyperpigmentation တွေကတော့ result အနည်းငယ်မျှသာမြင်ရနိုင်ပါတယ်။
🛒 :
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 6M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 30ml | 52.5k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | water-like | hydrates
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 4-8 weeks
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, no, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination > oily > dry + large pores > skin elasticity > brightening > dull skin > rough skin > hyperpigmentation > dark marks > anti-aging > sebum regulation > acne scars > prevent breakouts
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#dansdiary #danseas #dans_celimax_retinol_shot_tightening_serum_review

Comments
Post a Comment