နေလောင်တာတွေသက်သာပြီး skin tone နဂိုလိုပြန်ဖြစ်ဖို့/နဂိုကထက်ပိုကြည်လင်းဖို့အတွက်ဆိုဒီ coffee scrub လေးကအထောက်အကူအတော်လေးပြုပါလိမ့်မယ်။


နေကိုသိသိသာသာလောင်ထားတာတစ်ပတ်ပြည့်ပြီဆိုစပြီးနေလောင်ထားတာကို body care routine ထဲ scrub ပါထည့်ပြီးစကုလို့ရပါပြီ။ဆိုတော့ skin tone ပြန်တတ်ချင်တဲ့သူတွေနဲ့နဂိုထက်ပိုတတ်ချင်တဲ့သူတွေဆိုဒီ scrub ကိုအရမ်းသဘောကျကျမှာသေချာသလောက်ပါပဲ။ဘာလို့ဆို dan" ကြိုက်မိလို့ပါ။


intro ဝင်ရရင်ဒီ coffee scrub က dan" သုံးနေတာသုံးဘူးမြောက်ဖြစ်ပါတယ်။ coffee အနံ့အရမ်းကြိုက်တဲ့သူပီပီဒီတစ်ခုကလုံးဝရင်ထဲထပ်တိုးလာတာပဲ။ dan" က scrub တွေကိုလည်း lotion တွေကိုရွေးသလိုပဲ အနံ့၊ texture နဲ့ အာနိသင်ဆိုပြီးပဲရွေးတာပါ။


ပါဝင်ပစ္စည်းတွေကလည်းရိုးရှင်းတယ် arabica ground coffee, brown sugar, epsom salt, coconut oil, extra virgin olive oil, lemon, honey, glycerin နဲ့ aloe vera ကအဓိကပါတယ်။


သူ့ကိုအနံ့ကစပြောရရင်သူ့ရဲ့အနံ့ကလုံးဝကလောမှာကော်ဖီသွားသောက်နေသလိုမုမျိုးရတဲ့အနံ့ပါပဲလုံးဝသဘာဝကော်ဖီကြမ်းရဲ့အနံ့ပါ။ artificial fragrance ရယ်လို့မပါပဲကော်ဖီစေ့ရဲ့နဂိုရှိတဲ့ခါးသက်သက်အနံ့လေးနဲ့ပဲဖြစ်လို့လုံးဝစိတ်ကိုကြည်လင်စေတယ်။ရေဆေးချပြီးရင်လည်းအသားမှာအနံ့ခါးသက်သက်လေးကသင်းသင်းလေးစွဲကျန်တယ်။အနံ့ကိုပိုမြင်သာအောင်ပြောရရင်လှည်းတန်းစိန်ဂေဟာနားကဆုကော်ဖီဆိုင်ရှေ့ကဖြတ်လျှောက်ရင်ရတဲ့အနံ့မျိုးပါ။


ဒုတိယကတော့ texture ပေါ့။ texture ကတော့အရမ်းကိုတိုက်လို့ကောင်းပါတယ်။ဒီ coffee scrub မှာက sugar နဲ့ salt ကိုအခြေခံထားတာမဟုတ်ပဲ ground coffee ကိုအခြေခံထားတာဖြစ်လို့ texture ကနူးညံ့တယ်ဆိုတာထက်အသားအရေအတွက်အရမ်းကိုအနေတော်ဖြစ်ပြီးတိုက်ရအရမ်းကောင်းတယ်။တိုက်ပျောက်မဖြစ်ဘူး။သကြားနဲ့ဆားလည်းအနည်းငယ်ပါပေမယ့်အရမ်းကြီးကြမ်းရှတာလုံးဝမဖြစ်ဘူး။


နောက်ဆုံးအနေနဲ့ကတော့အာနိသင်ပေါ့။အာနိသင်ကတော့တိုက်ပြီးတာနဲ့အသားကကြည်ပြီးနဂိုကထက်စိုသွားတယ်။နောက်ပြီးရေဆေးချရခက်တာအဆီအရမ်းများတာမျိုးလည်းမဖြစ်သလိုတိုက်ပြီးအသားခြောက်တင်းတာမျိုးလည်းမဖြစ်ဘူး။အာနိသင်ကတော့သုံးကြည့်ရင်သိကြပါလိမ့်မယ်။ dan" သုံးဘူးမြောက်တောင်သုံးနေတာဖြစ်လို့အများကြီးမပြောတော့ဘူး။


ပြောရရင်အားလုံးသိကြတဲ့အတိုင်းပဲ coffee scrub ကနေလောင်တာအတွက်အရမ်းသိသာပြီး skin tone ပြန်တတ်စေပိုတတ်စေတာကိုမှဒီတစ်ခုက ground coffee ကိုအခြေခံထားတာဖြစ်လို့အသားပေါ်မှာတခြား coffee scrub တွေထက်အာနိသင်ပိုသိသိသာရပါလိမ့်မယ်။ဒါက scrub texture တွေအကြောင်းရေးတုန်းထဲက dan" ပြောပြခဲ့ဘူးပါတယ်။


ဆိုတော့အခုပိတ်ရက်ရှည်မှာပဲဖြစ်ဖြစ်၊နေအပူပြင်းတဲ့ရာသီမှာပဲဖြစ်ဖြစ်ဘာအကြောင်းကြောင့်နေလောင်ထားတာဖြစ်ဖြစ်နဂို skin tone ပြန်ရဖို့နဲ့နဂိုထက် skin tone ပိုတတ်ဖို့အတွက်ဆိုဒီတစ်ခုကို dan" က highly recommend ပါ။


ဈေးနှုန်းနဲ့ပမာဏအနေနဲ့ကလည်း 250ml ပါတာကိုမှ 7500mmk ပဲဖြစ်လို့အတော်လေးကိုတန်ပါတယ်။အနံ့နဲ့ texture နဲ့တင်တန်နေတာကိုမှအာနိသင်ကပါသိသာတာမလို့အတော်သဘောခွေ့ကြမှာပါ။


caution : scrub ကိုနေအရမ်းလောင်တဲ့ကာလနဲ့တစ်ပတ်အကြာမှစသုံးပါ။ နေလောင်သက်သာဖို့နဲ့ skin tone တတ်ဖို့က နေထပ်မလောင်ဖို့ကအဓိကဖြစ်လို့ မနက်ခင်းတွေမှာ body spf lotion ကိုသေချာလူးကိုလူးပေးရပါမယ်။ scrub တိုက်ပြီးနောက်နေ့မနက်ခင်းတွေမှာဆို body spf ကိုလူးနေကြပမာဏထက်ပိုလူးပါ။ scrub တိုက်ပြီးညဘက်မှာတော့ကိုယ့် skin နဲ့အဆင်ပြေတဲ့ texture ရှိတဲ့ lotion တစ်ခုခုကိုလူးနိုင်ပါတယ်။အစိုဓာတ်သေချာပေးနိုင်တာတော့ဖြစ်ပါစေ။


🛒 : လိုင်းပေါ်ကဆို T beauty နဲ့ local brand လေးတွေတင်တဲ့ဆိုင်လေးတွေမှာဝယ်လို့ရပြီးရန်ကုန်ကသူတွေ walk-in ဝယ်မယ်ဆိုမြေနီကုန်းက spirit မှာလည်းသွားဝယ်လို့ရ၊လှည်းတန်းကိန္နရီမှာတော့အရင်ကရပေမယ့်အခု stock ပျက်နေတယ်ပြောတယ်ရယ်။


disclaimer : dan's diary x T beauty


#dansdiary

#dansbodycare

#dansbodyscrub

#dans_T_beauty_coffee_scrub_review

Comments

Popular posts from this blog

dan's reject products