scinic : the simple barrier cream {detailed review}


ဟိုစမ်းဒီစမ်းရင်း skin barrier ထိသွားလို့ပဲဖြစ်ဖြစ်, steroid ထိသွားလို့ပဲဖြစ်ဖြစ် skin ကပုံမှန်မဟုတ်တော့ပဲအဖုတွေထွက်ကြမ်းခြောက်နေတဲ့အသားအရေပိုင်ရှင်တွေအတွက် one-stop solution ပါ။


အပေါ်မှာဖြစ်နေတဲ့ skin အခြေအနေတွေကိုသူ့တစ်မျိုးထဲလိမ်းရုံနဲ့တင်ကိုပြန်လည်ကုစားပေးနိုင်ပါတယ်။ barrier cream ဆိုလို့ထူထူပျစ်ပျစ်ကြီးလည်းမဟုတ်ပဲ medium weight cream type လောက်ပဲရှိပါတယ်။


ဒီ barrier cream ရဲ့ထူးခြားချက်ကတစ်ခြား barrier cream တွေလိုစိုပြီးအိနေတဲ့ type မဟုတ်ပဲလိမ်းလိုက်ရင်ချွေးပေါက်လေးတွေပါ blurring ဖြစ်သွားပြီးသိပ်သိပ်ကလေးဖြစ်တာပါ။လိမ်းထားမှန်းမသိအောင်ကိုပေါ့ပါးတဲ့ barrier cream ဆိုရင်လည်းမမှားပါဘူး။


တစ်ခုရှိတာကသူကသူ့ချည်းပဲလူးရတာပိုအဆင်ပြေပါတယ်။အရှေ့မှာ treatment step တစ်ခုခုခံလိုက်ရင်သူ့ cream texture ကအဖြူနှစ်တွေလိုဖြစ်ပြီးစိမ့်ဝင်ဖို့အချိန်ပိုပေးရပါတယ်။ဘာမှတော့စိုးရိမ်စရာမဟုတ်ပေမယ့် dan" ကတော့အဲလိုအချိန်ပိုပေးရတာကိုမကြိုက်ပါဘူး။ဒါကိုလည်းသူ့ရဲ့အားနည်းချက်လို့လည်းမြင်ပါတယ်။


ဒါပေမယ့်ချုံကြည့်လိုက်ရင် semi-matte finish လောက်ထိသွားတဲ့ barrier cream မျိုးဖြစ်လို့နဂိုထဲကအဆီပြန်တတ်ကြတဲ့သူတွေ skin barrier ထိရင်ကွက်တိဖြစ်မှာပါ။


barrier cream ဖြစ်တာကတစ်ကြောင်းမလို့သူ့ရဲ့ပါတဲ့ပမာဏကတော့ 40ml ပဲပါပါတယ်။ဒါက barrier cream အများစုရဲ့ပုံမှန်လောက်ဖြစ်ပေမယ့် dan" ကအလိမ်းကြမ်းတဲ့သူမလို့ dan" အတွက်တော့ဒီပမာဏကနည်းတယ်လို့ခံစားရတယ်။


ကျန်တာကတော့ပြောခဲ့သလိုပဲ barrier cream တစ်ခုအနေနဲ့ကောင်းကောင်းအလုပ်လုပ်ပါတယ်။တခြားသူတွေနဲ့မတူတဲ့ finish ရှိတာကလည်းသူ့ကိုကွဲထွက်သွားစေတာမလို့ dan" တော့ကြိုက်ပါတယ်။မကြိုက်တာဆိုလို့အနံ့မပါတော့သူ့ရဲ့ packaging ကော်ဗူးရဲ့အနံ့ရနေတာပဲရှိပါတယ်။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 40ml | 22k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | medium weight cream | semi-matte

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 4-8 weeks

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : all skin types + skin barrier repair > sensitive > acne-prone


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : macadamia seed oil, aloe, lotus, centella


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansdiary #dansmoisturizer

#dans_scinic_the_simple_barrier_cream_review

Comments

Popular posts from this blog

dan's reject products