အရမ်းကို budget save ဖြစ်တဲ့အပြင်လူးရတာကျဲကျဲအေးအေးလေးနဲ့ပမာဏလည်းများ brand လည်းမြင့်တဲ့ moisturizer ပါ။
ဒီကာလမှာကမကောင်းတာတွေကအစကောင်းတာတွေနီးနီးဈေးတတ်တဲ့အချိန်မှာဒီ moisturizer ကလုံးဝရွှေဖြစ်မှာပါ။
round lab brand ကဖြစ်ပြီး pine cica series က moisturizer step မှာလူးရတဲ့ lotion ပါ။ lotion ဆိုလို့လည်းပူမှာထူမှာပူစရာမလိုပါဘူးမြင်သာအောင်ပြောရရင် gel cream ကျဲကျဲလေးပါပဲ။အနီးစပ်ဆုံး texture တူတာဆို mary & may က heartleaf gel cream နဲ့တူပါတယ်( cmt မှာလည်း texture လေးမန့်ထားပေးပါတယ် myday ကဟာနဲ့လည်းတူတူပါပဲ)
ပမာဏအားဖြင့် 250ml တောင်ပါတာဖြစ်လို့အမုန်းလူးရမှာပါ။ 50ml ပါတဲ့ moisturizer နဲ့ဆို 5ဆ ပိုများပြီး 100ml ပါတဲ့ moisturizer နဲ့ဆို 2ဆခွဲ တောင်ပိုများတာဖြစ်တဲ့အပြင်ဈေးကလည်းအရမ်းကိုသက်သာပါတယ်။
ဒါလေးကအဓိကကတော့ calming, soothing နဲ့ hydration ကိုသွားပါတယ်။လူးရတာအရမ်းအေးပြီး skin ပေါ်မှာအရမ်းကို comfort ဖြစ်တာပါ။တော်တော်များများကြိုက်ကြမယ့် texture နဲ့ result ပါ။
အဓိကပါတာကတော့ calming နဲ့ soothing ဖက်ကိုအဓိကသွားတဲ့ pine leaf extract 40%, centella 11% + centella complex, hyaluronic acid 3 မျိုး, glycerin, glycoprotein နဲ့ LHA ပါ။ main ingredient တွေရဲ့ concentration ကလည်းမြင့်တာမလို့ပါတဲ့ ingredient တွေရဲ့အာနိသင်ကိုလည်းသေချာခံစားရမှာပါ။
alcohol, essential oil နဲ့ fragrance ဖြစ်လို့ဒါတွေနဲ့မတည့်တဲ့ sensitive skin တွေကအစအေးဆေးလူးလို့ရပါလိမ့်မယ်။ 50-50 ingredient ဖြစ်တဲ့ silicone တော့နည်းနည်းပါလို့ silicone နဲ့လုံးဝမတည့်တဲ့သူဆိုရင်တော့ရှောင်ပါ။
pore clogged ဖြစ်တာသက်သာဖို့ BHA ရဲ့ အပျော့ version ဖြစ်တဲ့ LHA လေးလည်းအနည်းငယ်ပါတာဖြစ်လို့အဆီဖုဖြစ်လွယ်တဲ့ skin အချို့မှာခပ်မြန်မြန်သက်သာတဲ့ result ပါမြင်ရနိုင်ပါတယ်။ဒါ့အပြင်အသားလည်းကြည်နိုင်ပါသေးတယ်။သို့သော်ပါတဲ့ပမာဏနည်းလို့ပုံသေတော့မမျှော်လင့်ပါနဲ့။
ချုံကြည့်လိုက်ရင်လုံးဝ perfect ဖြစ်တဲ့ hidden gem moisturizer ကောင်းလေးတစ်ခုပါပဲ။အထူးသဖြင့်ကတော့ acne-prone skin တွေနဲ့ light weight ဖြစ်တာကိုမှလူးချင်တဲ့သူတွေအကြိုက်ဖြစ်မှာပါ။
သူ့မှာအားနည်းချက်ဆိုလို့လူးတဲ့အခါဘူးကိုမပြီးမှောက်ညှစ်ရတာပဲရှိပါတယ်။ဒါကလည်းပမာဏများလို့ဆိုတော့နားလည်ပေးလို့ရပါတယ်(ဘူးကြီးရာဟင်းဖက်ပါxD)
ပမာဏ 250ml တောင်ပါပြီး brand လည်းမြင့် ingredient လည်း clean ဖြစ်တဲ့အပြင်လူးရကောင်းပြီး result သိသာတာကိုမှ 57K ထဲပေးရတာမလို့တန်တယ်ဆိုတာထက်ကိုပိုပါတယ်။
57K ဆိုလို့လည်းများတယ်မထင်ပါနဲ့ရပ်ကွက်ထဲအလွယ်ဝယ်လို့ရတဲ့အနီရောင်ဘူးနဲ့ 40ml ပါတဲ့ moisturizer တောင် 33K နဲ့ဒီနေ့ပဲ dan" တွေ့ခဲ့တာမလို့ဒါကနှိုင်းယှဉ်ပြီးပြောလို့မရအောင်ကို grade ရောဈေးရောကွာခြားပြီးတန်လွန်းတာပါ။
ပမာဏများပြီး brand ကောင်းတဲ့အပြင်လူးရတာရော result ရောကောင်းတဲ့ပေါ့ပေါ့ပါးပါး moisturizer လေးမလို့သဘောကျကျမယ်ထင်ပါတယ်။အခုဆို gg မှာ pay day sale ရှိနေလို့ 10% off ရမှာဆိုတော့အခုဝယ်ရင် 51K လောက်ပဲကျတော့မှာမလို့ဝယ်မယ်ဆိုအခုချိန်ကအသင့်တော်ဆုံးပါပဲ။
တကယ်တော့ဒါကိုက dan" ဒီနေ့တင်ဖို့အစီအစဉ်မရှိသေးပါဘူး။မထင်ထားပဲအရမ်းကိုအမေးများတာရယ် sale လည်းရှိနေတာမြင်မိလို့ဝယ်ရင်သက်သာအောင်တင်လိုက်တာပါ။လိုအပ်နေတဲ့သူတွေအဆင်ပြေကြမယ်လို့ထင်ပါတယ်။
🛒 : gg x round lab
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 250ml | 57k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | gel | calms & hydrates
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 4-8weeks
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, no, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination > oily + calming > soothing > hydrating > acne-prone > redness > anti-inflammatory
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#dansdiary #dansmoisturizers
#dans_roundlab_pine_calming_cica_lotion_review

Comments
Post a Comment