scinic : the simple mild foam cleanser {detailed review}


ဒီ simple series ကငါးမျိုးမှာ dan" အကြိုက်ဆုံးကဒီ cleanser ပါ။သစ်ရတာအရမ်းကိုကောင်းပြီး finish ကဆေးချရလွယ်ပြီး residue မချန်သလောက်နဲ့မလို့ dan" ရဲ့ ideal pH balanced cleanser လိုကိုဖြစ်နေတာပါ။


ပုံမှန်အားဖြင့် pH balanced cleanser တွေကသစ်ရတာအနည်းနဲ့အများချွဲတယ်ဆေးချရတာကြာတယ် residue ကျန်တယ်ဆိုတဲ့ဟာကိုသူကလုံးဝပြောင်းပြန်လှန်ပြီးမနက်ခင်းတိုင်းသစ်ရမပျင်းအောင်အထိကိုစွဲဆောင်မှုရှိပါတယ်။


texture က gel texture ပေမယ့်အမြှပ်ထွက်အားကလည်းအသင့်အတင့်ထက်ရှိလို့သစ်ရတာအတော်ကောင်းပါတယ်။ gel ဆိုတော့ foam လိုတော့မဟုတ်လို့နည်းနည်းတော့ပုံမှန်ထပ်ပိုထည့်သစ်ဖို့တော့လိုပါတယ်။


အထူးသဖြင့်တော့ဒီ cleanser က normal > combination နဲ့ oily skin တွေအရမ်းကိုသဘောကျမယ့် morning cleanser type ပါ။ skin က balanced မဖြစ်လို့ pH balanced cleanser ပဲသုံးရမယ်ဆိုရင်ညဘက်ပါသုံးလို့အဆင်ပြေတဲ့ကောင်ပါ။


pH balanced cleanser ဖြစ်ပေမယ့်သူ့ရဲ့ cleansing power ကမနည်းတာမလို့ dry skin တွေဆို water-based 1st cleanser အနောက်ကနေ 2nd cleanser အနေနဲ့သုံးဖို့ပါအဆင်ပြေပါလိမ့်မယ်။


mild foam ဆိုတဲ့အတိုင်းပဲ inci ကျစ်လျစ်လွန်းပြီးမျက်စိစပ်တာလုံးဝမဖြစ်သလို, open wound ရှိနေရင်တောင်သူ့ကြောင့်စပ်တာမျိုးလုံးဝကိုမဖြစ်တဲ့အထိကိုကောင်းပါတယ်။


တော်တော်ကိုပေးရတဲ့ဈေးနဲ့တန်တာထက်ပိုလွန်းတဲ့ pH balanced cleanser ပါ။အထူးသဖြင့်တော့ finish ကအရမ်းကိုကွဲပြားပြီးဆင်တူတွေကြားထဲခဏခဏလက်လှမ်းမိစေတာကသူ့ရဲ့အကြီးမားဆုံးအားသာချက်ပဲမလို့သစ်ကြည့်ရင်သိကြပါလိမ့်မယ်။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 120ml | 24k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : yes | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | gel | refresh & non-drying

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 :  instant

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination > oily > slightly dry + gentle cleansing > pH balancing 


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : aloe, lotus , centella


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#danscleanser #dansfacicalfoam

#dans_scinic_the_simple_mild_foam_cleanser_review


 

Comments

Popular posts from this blog

dan's reject products