မြန်မာနိုင်ငံကသူအများစုအဖြစ်အများဆုံး skin concern တွေထဲကတစ်ခုက အဆီဖု ပါ။


ဆိုတော့တော်တော်များများကအဆီဖုသက်သာချင်ပါတယ် အဆီဖုသက်သာဖို့ဘာသုံးရမလဲသိချင်ကြတယ်ပေါ့။ဒီနေရာမှာကအဆီဖုဆိုတာက skincare တစ်ခုကြောင့်ပဲမဟုတ်ပဲအကြောင်းအရင်းမျိုးစုံကြောင့်ထွက်နိုင်တာကိုသိရပါမယ်။


ဘယ် skin concern မဆို root cause ဆိုတဲ့ဖြစ်ရတဲ့အဓိကအကြောင်းရှိပါတယ်။အဲဒီ root cause ကိုဖယ်ပြီးကုသမှသာအမြန်ဆုံးသက်သာတာပါ။


ဒါကြောင့်ဒီနေ့ dan" ကအဆီဖုဖြစ်ကြတဲ့ root cause အများစုကိုဖော်ပြလိုက်ပါတယ်။အောက်ကအချက်တွေဟာတော်တော်များများရဲ့ အဆီဖု ဖြစ်ကြတဲ့အဓိကအကြောင်းအရင်းတွေဖြစ်လို့အဲဒီအချက်တွေကိုဆင်ခြင်ရှာဖွေကုသလိုက်ရင်အမြန်ဆုံးအဆီဖုတွေသက်သာမှာဖြစ်သလို နောက်မဖြစ်ဖို့ပါကြိုတင်ကာကွယ်ပြီးသားဖြစ်စေမှာပါ။


အများစုကို အဆီဖု ဖြစ်စေတဲ့အဓိကအချက်တွေကတော့-


1•အသားအရေပေါ်မှာအစိုဓာတ်မလုံလောက်တာ (dehydrated) နဲ့လိုအပ်တာထက်အစိုဓာတ်ပိုနေတာ (over-moisturizing)


2•မျက်နှာသစ်ပြီးမှ hair care လုပ်တာကြောင့် hair care products တွေရဲ့အကြွင်းအကျန်တွေမျက်နှာပေါ်မှာတင်ကျန်ပြီးချွေးပေါက်ပိတ်တာ။


3•ကျဲတာကနေပျစ်တာလူးရမယ့်နေရာမှာ layering လိုက်တာမှားယွင်းတာနဲ့ skin ကလက်ခံနိုင်တာထက်ပိုပြီး layering အထပ်ပေါင်းများစွာလိုက်တာ။


4•ကိုယ့် skin type / skin concern နဲ့မကိုက်ညီတဲ့ပစ္စည်းတွေနဲ့ကိုအသုံးပြုတာ၊ မကောင်းတဲ့အပေါစားတွေသုံးတာနဲ့မတည့်တဲ့ပါဝင်ပစ္စည်းပါတာကိုသုံးမိတာ။


5•diet, lifestyle နဲ့ personal hygiene မကောင်းတာ။


6•colour cosmetics တွေနဲ့မတည့်တာနဲ့ makeup tools တွေမသန့်ရှင်းတာ။


7•ရေမကောင်းတာ, cleansing မနိုင်တာ နဲ့ exfoliate မလုပ်တာ။


စတဲ့အချက်တွေကတော့ဖြစ်ပွားမှုအများဆုံးဖြစ်ပါတယ်။အဆီဖုကအမြဲမပြတ်ဖြစ်နေရင်ဒီ root cause တွေထဲကကိုယ်ကဘယ်အချက်နဲ့သွားညိနေတာကြောင့်အဆီဖုမပြတ်တာလဲဆိုတာကိုအဖြေရှာပြီးကုသကြည့်ပါ။


အကယ်၍ skincare ကြောင့်အဆီဖုထွက်တာဆိုရင်တော့အဆီဖုမထွက်နိုင်တဲ့ clean ဖြစ်တဲ့ skincare တွေပြောင်းလိုက်ရင်သက်သာနိုင်ပေမယ့် skincare ကြောင့်မဟုတ်ပဲတခြားဟာကြောင့်ဆို skincare တွေကြိုက်သလောက်ပြောင်းသုံးလည်းမသက်သာပါဘူး။


နောက်ပြီးအဆီဖုတွေကအရမ်းမာမာဂျက်ခဲကြီးဖြစ်နေတယ်ဆို root cause ကိုအရင်ရှာပါ၊ ရှာတွေ့ပြီဆိုတစ်ကြိမ်လောက်ညှစ်ထုတ်ကုသပြီးမှပြန်ပြီးမထွက်အောင်ထိန်းသိမ်းသွားတာကအကောင်းဆုံးဖြစ်ပါတယ်။


#dansdiary #dansknowledgentips #dansအဆီဖု

Comments

Popular posts from this blog

dan's reject products