chemical type sunscreen အများစုဟာသူ့ရဲ့သဘောသဘာဝအရ uv rays တွေကိုစုပ်ယူပြီးမှအပူအနေနဲ့ပြန်ပြီးထုတ်တာဖြစ်လို့ skin barrier ကိုမထိခိုက်အောင် moisturizing formula နဲ့ပဲလာကြတာများလို့အားလုံးနီးနီးသည်လိမ်းလိုက်တဲ့အခါစိုစိုပြောင်ပြောင် dewy / shiny finish ဖြစ်ကြပါတယ်။


ပြောရရင်ပူတဲ့မြန်မာနိုင်ငံနဲ့စိုစိုပြောင် finish တွေဟာသိပ်မကိုက်ပါဘူး။စိုလွန်းတာကြောင့်နေလည်နေ့ခင်းရောက်ရင်အဆီပြန်ချွေးထွက်တာနဲ့ရောပြီးပိုပြီးအဆီပြန်တဲ့ပုံပေါက်စေပြီး finish နဲ့တခြားအကြောင်းအရာတွေကြောင့် oxidize ဖြစ်တတ်ကြပါတယ်။ 


ဒီနေရာမှာ physical type sunscreen တွေကတော့ semi-matte to matte လောက်သွားလို့မြန်မာနိုင်ငံအသားအရေရာသီဥတုနဲ့ပိုကိုက်ပေမယ့်ဒီကအများရဲ့ skin tone တွေကဝါတာညိုတာများလို့ဖြူတာပြာတာတွေဖြစ်လို့အဆင်မပြေပြန်ပါဘူး။


ဆိုတော့တစ်ခုတည်းသောရွေးချယ်စရာလို့ပြောလို့ရတဲ့ chemical type sunscreen တွေကသာရွေးချယ်စရာမလို့ဒါကိုပဲအဆင်ပြေအောင်ဖြေရှင်း adjust လုပ်ပြီးလူးရပါမယ်။


ဒီပြသာနာကိုဖြေရှင်းဖို့ကအလွယ်ကူဆုံးက power pact ဟိုးအရင်အခေါ်ဆို 2way လို့ခေါ်တာသုံးတာ (သို့) loose powder သုံးတာပါ။ dewy / shiny ဖြစ်နေတဲ့ finish ကို semi-matte ကနေ matte လောက်ဖြစ်စေပြီးတစ်နေကုန်လင်းလင်းညက်ညက်လေးဖြစ်စေပါတယ်။


နောက်တစ်ခုကတော့မနက်ခင်းမှာ layering အများကြီးမလိုက်ပါနဲ့။ texture ထူထူပျစ်ပျစ်တွေမလိမ်းပါနဲ့။ကိုယ်က moisturizing sunscreen လိမ်းတယ်ဆိုမျက်နှာသစ်ပြီးတန်းလူးတာ (သို့) ခပ်ကျဲကျဲ toner > treatment step > gel moisturizer စတဲ့ပေါ့ပေါ့ပါးပါးလေးတွေကိုပဲကိုယ့်အသားအရေအပေါ်မှာသက်တောင့်သက်သာဖြစ်ပြီးမထူမပူတဲ့အနေအထားကို adjust လုပ်ပြီးလူးတာကအကောင်းဆုံးဖြစ်ပါတယ်။


တစ်ခုရှိတာကတော့ chemical type sunscreen တွေမှာလည်း dewy / shiny ဖြစ်တဲ့နှုန်းကသူတို့ရဲ့ moisturizing level ပေါ်မူတည်ပြီးအနည်းငယ်ကွာတတ်ကြပါတယ်။သဘောကတော့ moisturizing level နိမ့်တာကိုနည်းနည်းရွေးလို့ရသေးတယ်ပေါ့။


ဒီနေရာမှာကိုယ်က chemical လိုလည်းအရမ်းမပြောင်ချင် physical သီးသန့်လိုဖြူတာမျိုးလည်းမလိုချင်ရင်နည်းနည်းလေးဖြူပြီးစိုတဲ့ velvet / satin finish မျိုးပေးနိုင်တဲ့အလယ်ကျတဲ့ hybrid type sunscreen တွေထဲကနေရွေးလို့ရပါတယ်။


#dansdiary #dansuvprotection #dansunscreen

#dansknowledgentips

Comments

Popular posts from this blog

dan's reject products