အဆီဖုတွေနီရဲယောင်ယမ်းတဲ့ဝက်ခြံတွေအရမ်းထွက်ပြီး breakout တွေဖြစ်နေတယ်၊ skin barrier ထိထားတယ် skin မှာဘာအနာအဆာမှလည်းသိပ်မကျန်ခဲ့ချင်ဘူးဆိုဒီ moisturizer တစ်မျိုးထဲနဲ့တင်ကုသဖို့လုံလောက်လို့ဒါလေးကို highly recommend လုပ်ပါတယ်။
ထွက်ထားတာအတော်ကြာနေပြီဖြစ်ပေမယ့်အခုပြန်ပြီး recall လုပ်နေတဲ့ k beauty ရဲ့ 2024-2025 ကြားရဲ့ panthenol trend ထဲမှာလည်းသူကပါနေပြီးသားပါ။နောက်နှစ် 2025-2026 ဆို panthenol ကို 5-10% ပါတာတွေအများကြီးကိုထွက်လာတော့မှာမလို့အခု trend မတွင်ကျယ်ခင်ထဲကကြိုသုံးထားကြနော်။
cream လို့ရေးထားပေမယ့်ပေါ့ပါးတဲ့ gel cream လောက်ပဲရှိပြီး moisturizing လည်းသင့်တာမလို့ oily acne-prone တို့ဆိုတအားကိုပိုကြိုက်မှာပါ။တစ်မျိုးထဲလိမ်းရင်တောင်သိသာတဲ့ result ရတာမလို့ budget လည်း save ဖြစ်တယ်။
clean ဖြစ်တဲ့ formulation နဲ့ဖြစ်တဲ့အပြင် treatment step ထပ်ထည့်ဖို့မလိုအောင်ကို calming, soothing, repairing နဲ့ healing process မြန်စေဖို့အတွက်ကောင်းတာမလို့အများကြီးမလိမ်းပဲထိရောက်ချင်တဲ့သူတွေအရမ်းကိုသဘောကျကြမှာသေချာတယ်။
free from alcohol, silicones, essential oil, artificial fragrance & colourants တွေလည်းမပါတဲ့အပြင် pH balanced လည်းဖြစ်တာကြောင့် super sensitive သမားတွေနဲ့ကအဆင်ပြေမှာပါ။
moisturizing သင့်တဲ့အပြင်လိမ်းရကျဲပြီးစိမ့်ဝင်မြန်တယ်။လုံးဝပူပူထူထူပျစ်ခဲကြီးမဖြစ်နေပဲ skin barrier အတွက်အပိုအလိုမရှိကွက်တိပဲ။ layering လိုက်ရင်ပိုပြီး moisture ကို seal လုပ်ပေးတယ်။လိမ်းပြီးရင် skin က centella 72% နဲ့ panthenol 5% တို့ရဲ့ concentrated ဖြစ်ဖြစ်ပါတဲ့ result ကိုသိသိသာသာကိုခံစားရတယ်။
centella 72% ရဲ့ calming, soothing အားနဲ့ panthenol 5% ရဲ့ skin barrier repairing နဲ့ strengthening အားက skin ပေါ်မှာအတော်လေးကိုကောင်းကောင်းအတွဲညီညီအလုပ်လုပ်လို့ steroid ထိတာတို့ တစ်ခုခုနဲ့မတည့်တာကြောင့် skin barrier ထိတာတို့ကြောင့် ရေမြေအပြောင်းအလဲကြောင့် breakout ဖြစ်တာတို့ဆိုခဏလေးနဲ့ကိုသက်သာမှာပါ။
ဘာကြောင့် breakout ဖြစ်ဖြစ် skin ကို minimalist routine နဲ့ reset ချပြီး repair & treat လုပ်ဖို့ဆိုဒါက holy grail တွေထဲကတစ်ခုပဲ။ wound healing မြန်တာနဲ့ antiinflammatory အာနိသင်ကြီးကလည်းတကယ့်ရှယ်ပါ။
panthenol 5% + centella 72% အရောလေးကိုမှ niacinamide, ha 3မျိုး, centella complex နဲ့ ceramide np တို့နဲ့လည်းရံထားတာကြောင့်ဒီ moisturizer က acne-prone တို့ breakout ဖြစ်သူတို့နဲ့လုံးဝ prefect ပဲ။တော်တော်များများသိပ်မသိကြတဲ့ hidden gem လေးလို့ပြောရင်လည်းမမှားဘူး။
နောက်ပြီး acne spot treatment နဲ့ area-specific repair spot treatment အနေနဲ့ပါသုံးလို့ရသေးလို့ acne-prone တို့အတွက်ဘယ်လိုကြည့်ကြည့်ရှယ်မှရှယ်ပါ။ wound healing မြန်ပြီး antiinflammatory အာနိသင်လည်းရှိတဲ့အပြင်ဝက်ခြံသက်သာသွားလို့ဆက်တို့သွားရင်လည်း PIH တွေ PIE တွေကသက်သာတာမြန်ပါတယ်။
သူက packaging ပိုင်းမှာဘူးကအဝိုင်းနဲ့ tube နှစ်ခုလာတယ်။ tube ကပိုသုံးရတာပြေလို့ဝယ်မယ်ဆို tube ပဲဝယ်စေချင်ပါတယ်။တစ်ဘူး 30ml / 75ml နဲ့ 85ml size တွေရှိတာကို 85ml အကြီးဆုံး tube မှ 40000 ဝန်းကျင်လောက်ပဲမလို့ one-step နဲ့တန်ထိရောက်ပြီး budget သက်သာစေတဲ့ savage moisturizer ပါပဲ။ size အသေးလဲရှိလို့အရင်စမ်းချင်ရင်လည်းအိုကေပါ။
🛒 :
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 85ml | 40k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | watery cream | soothes & moisturized
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 2-4 weeks
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : oily > combination > normal > slightly dry + acne-prone > calming & soothing > antiinflammatory > skin barrier repairing & strengthening > breakout control > blemish care
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#dansdiary #dansmoisturizer
#dans_bioheal_boh_panthenol_cica_blemish_cream_review

Comments
Post a Comment