supplement တွေအခုနောက်ပိုင်း bb lab ကနေပဲပိုသောက်ဖြစ်တယ်။သူ့ကိုကသောက်လိုက်ရင်သောက်လိုက်သလောက်သိသာတယ်ဆိုတဲ့ feeling အပြည့်ရတာကိုသဘောကျတာ။
အခုကတော့လက်ထဲကသုံးဗူးမြောက်ဖြစ်တဲ့ intensive glutathione collagen w လေးအကြောင်းပြောမှာပါ။အခုဘူးက upgrade လုပ်လိုက်တာဖြစ်ပြီးအရင် old version တုန်းက low molecular glutathione white ဆိုတဲ့နာမည်နဲ့ပါ။
သူက collagen 1200, gluta 200mg နဲ့ vitamin c 30mg ပါတယ်။ပြောရရင် collagen ရော gluta ရော vitamin c ရောမျှလိုချင်တဲ့ dan" တို့လိုတစ်ထုပ်ထဲအပြီးသောက်ရတာပိုသဘောကျသူတွေအတွက်ဒီတစ်ခုကလုံးဝအံကိုက်ပဲ။
အသက် 20 လောက်ကနေစသောက်လို့ရတဲ့ပမာဏဖြစ်ပြီးပါတဲ့ collagen ရော gluta ရောကပမာဏမများဘူး။ daily in-take အတွက်သင့်တော်တယ်။ညဘက်အိပ်ခါနီးသောက်အိပ်လိုက်ရင်မနက်ကျရင်အသားအရေကတင်းတင်းစိုစိုလေးနဲ့နိုးလာတာကအသက်ပဲ။အိပ်လို့လည်းပိုကောင်းတယ်။
ဒီမှာပါတဲ့ collagen ကခန္ဓာကိုယ်ကပိုစုပ်ယူနိုင်တဲ့ fish collagen အမျိုးအစားကိုမှ low molecule (1000 da) နဲ့ဖြစ်လို့ခန္ဓာကိုယ်ကအတော်လေးစုပ်ယူနိုင်တာကြောင့် result ကပိုသိသာတယ်။ waste လည်းနည်းတယ်။
နောက်ပြီးဒီတစ်ခုမှာက collagen ရဲ့အာနိသင်သီးသန့်တင်မကပဲ gluta × vitamin c အရောကိုပမာဏတစ်ခုပါတာကြောင့် skin tone boost ဖို့အတွက်ပါအထောက်အကူဖြစ်တယ်။ dan" ကဖြူပြီးသားဖြစ်လို့ dan" အတွက်ဖြူတာကတော့အရှေ့ကရေးခဲ့တဲ့ gluta 1200mg ကပိုသိသာတယ်။
အခုကိုင်ထားတဲ့ဘူးက SF3X-7 ဆိုတဲ့ special ingredient 7 မျိုးကိုထပ်တိုးပြီး series တစ်ခုစလုံးကိုသူတို့ packaging ရော formulation ပါ upgrade လိုက်တာလေးပါ။သောက်ရတာတော့အရင်ကနှစ်ဘူးနဲ့မကွာသွားဘူး။ပါးစပ်ထဲပိုပြီးပျော်ဝင်လွယ်တာနဲ့ orange flavor နည်းနည်းပိုရတာလေးပဲခံစားမိတယ်။
flavor ကလည်း orange flavour နဲ့မလို့သောက်ရတာအဆင်ပြေတယ်။ညှီိတာဘာညာမျိုးလည်းမရှိပဲအဆင်ပြေတယ်။တစ်ဘူး 60000 မှာတစ်လစာအချောင်း 30 ပါလို့သောက်ရတာလည်းအတော်တန်ပါတယ်။
ချုံပြောရရင်တစ်ဘူးထဲကနေစုံစုံလင်လင်နဲ့သိသိသာသာ overall result လည်းမြင်ရချင်ရင်ဒီ glutathione collagen w ကလုံးဝကွက်တိပဲမလို့ ထိမိတဲ့သရီးအင်ဝမ်းကြိုက်ရင် highly recommend ပါ။အထူးသဖြင့်ဒါကိုက age 20 လောက်ကနေ 35 လောက်အထိ recommend လုပ်ပါတယ်။
supplement တွေသောက်ရင်လုပ်ရမယ့်ဆောင်ရန်ရှောင်ရန်တွေကတော့ခဏခဏပြောနေတာမလို့ထပ်မပြောတော့ဘူးနော်။
🛒 : bb lab myanmar
#dansdiary #danssupplements #dans_bblab_glutathione_collagen_w_review

Comments
Post a Comment