skincare ပစ္စည်း 10မျိုး ဝယ်ရင် 9 မျိုးခွဲလောက်မှာပါတဲ့ niacinamide ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးလေးတွေသိထားစေချင်ပါတယ်။
skincare တိုင်းက niacinamide နဲ့မလွတ်သလောက်ဖြစ်ပြီးပါဝင်တဲ့ပမာဏအနည်းအများလောက်သာကွာကြပါတယ်။နည်းလွန်းရင်တော့မသိသာပေမယ့် 2% ကနေ 20% လောက်ပါရင်တော့အလုပ်လုပ်တာမလို့သိထားတာမမှားပါဘူး။
niacinamide ရဲ့ကောင်းကျိုးတွေကတော့ -
1• အဆီထွက်နှုန်းကိုထိန်းညှိပေးလို့အဆီပြန်တာသက်သာစေတယ်။
2• ဝက်ခြံဖြစ်ပြီးကျန်တဲ့ PIE နဲ့ PIH နဲ့ early stage hyperpigmentation တွေသက်သာစေတယ်။
3• အသားအရေကိုကြည်လင်းစေတယ်။
4• ချွေးပေါက်ကျဉ်းဖို့အထောက်အကူပြုတယ်။
5• နီရဲယောင်ယမ်းတာတွေသက်သာစေတယ်။
6• acne breakout ဖြစ်တာကိုလျှော့ချတားဆီးပေးတယ်။
7• skin barrier ကိုပိုကောင်းစေတယ်။
8• slow aging အတွက်အထောက်အကူပြုတယ်။
9• skincare ingredient အများစုနဲ့တွဲသုံးလို့ရတယ်။
niacinamide ရဲ့ဆိုးကျိုးတွေကတော့ -
1• ပါဝင်တဲ့ပမာဏများရင်အသားခြောက်တတ်တယ်။
2• skin ကလက်ခံနိုင်တဲ့ပမာဏထက်လွန်ရင်အသားခြောက်ပြီး skin balanced မဖြစ်တော့တာမျိုးဖြစ်တတ်တယ်။
3• အခုမှစသုံးတာဆိုရင်အဖုလေးတွေခဏထွက်တတ်တယ်။
4• အရမ်းချောအရမ်းလှလာစေလို့ကိုယ့်ကိုယ်ကိုယ်အရမ်းချစ်ပြီးရည်းစားမရဖြစ်တတ်တယ်။
အချုပ်အနေနဲ့ပြောရရင် niacinamide က gentle ဖြစ်ပြီးသိသာတဲ့ ingredient ကောင်းဖြစ်တာကြောင့် skincare game မှာအမြဲလိုလိုပါပါတယ်။အခုထိလဲပါနေသေးတာဖြစ်သလိုနောက်နှစ်တွေမှာလဲပါနေဦးမှာပါ။
ဆိုတော့အမြဲသိထားရမှာက niacinamide ကိုသုံးမယ်ဆိုရင်ကိုယ့်အသားအရေနဲ့ကိုက်ညီမယ့် % ပမာဏနဲ့ formulation ကိုဂရုတစိုက်ရွေးချယ်ဝယ်ယူဖို့လိုပါတယ်။နောက်ပြီး niacinamide လိမ်းတဲ့အခါသိသာတဲ့ result တစ်ခုမြင်ရဖို့နဲ့ potential side effect တွေမဖြစ်ရလေအောင် moisturizer နဲ့ sunscreen ကိုလည်းသေချာပုံမှန်လိမ်းပေးဖို့လိုပါတယ်။
#dansdiary #dansknowledgentips
#dansniacinamideprosncons
Comments
Post a Comment