kumano cosme : reihaku hatomugi the uv milky gel {review}


ဒါလေးကတော့တော်တော်များများ hatomugi ဆိုပြီးသိကြမှာပါ​။ဒါလေးက hatomugi (coix seeds extract) ကို marketing ingredient အနေနဲ့ထည့်ထုတ်တဲ့ naturie တို့လိုမျိုး  japan budget brand ဖြစ်တဲ့ kumano cosme ကပါ။


texture ကလိမ်းရတာအရမ်းကျဲပြီးအေးပါတယ်။ အေးဆို alcohol ပါတာအတော်များလို့ပါ။ chemical uv filter ကိုသုံးထားတာဖြစ်လို့ white cast မကျန်လို့ဖြူတာပြာတာတွေမဖြစ်ပါဘူး။ skin tone အကုန်နီးနီးလိမ်းလို့ရပါတယ်။လိမ်းရတာအရမ်းသွက်လို့ခဏခဏလက်လှမ်းမိစေလို့အကုန်လည်းမြန်ပါတယ်။လိမ်းကောင်းကောင်းနဲ့ကုန်တာမြန်လို့ပုံထဲကတစ် pump စာညှစ်ဖို့တောင်မနည်းချန်ထားရတယ်။


spf grading အတွက်ကတော့ 50 အပြည့်ပါမပါမသေချာပေမယ့် 30 လောက်ပဲပါတယ်ဆိုရင်တောင်ဒါက body အတွက်အဆင်ပြေနေပါပြီ။ user experience အနေနဲ့ကတော့ dan" လိမ်းတဲ့တစ်လျှောက်နေလောင်တာတော့မကြုံရပါဘူး။နောက်ပြီးချွေးထွက်ရင်လည်းကပ်စေးပြီးပျော်ကျတာမျိုးလည်းမကြုံရဘူး။


ဆိုတော့ spf lotion ကိုကျဲကျဲအေးအေးလေးနဲ့လူးရသက်တောင့်သက်သာရှိတာမျိူးရှာနေရင်ဒါလေးကိုကအကြိုက်တွေ့ကြမှာပါ။ 250ml ကို 30k ဝန်းကျင်ဆိုတော့သုံးရတာလဲ fair ဖြစ်တဲ့အနေအထားပါ။ချူံကြည့်လိုက်ရင်အတော်လိမ်းလို့ကောင်းပြီးလိမ်းထားရင် skin ပေါ်မှာပါးပါးလေး glow ပြီးလှပါတယ်။ review ကတော့ဒီအထိပါပဲ ပြီးပါပြီ။


ဆက်ရန်ကတော့ သူနဲ့ပက်သက်ပြီးသိထားသင့်တာလေးတွေကိုဆက်ပြောပြမလို့ပါ။စပြောရရင်သူ့မှာက alcohol ပါတဲ့ % များလို့ရေရှည်လိမ်းတဲ့အခါ skin က dehydrated ဖြစ်ပါတယ်။ဆိုတော့ညဘက်ဆို lotion လေးသေချာပြန်လူးပေးဖို့လိုပါလိမ့်မယ်။နောက်ပြီးအဖြူတွေအရောင်နုတွေအပေါ်မှာစွန်းကောင်းစွန်းနိုင်ပါတယ်။စွန်းမှာကြောက်ရင်အဖြူနဲ့အရောင်နုတွေဝတ်ရင်မလိမ်းတာကပိုကောင်းပါတယ်။


နောက်ပြီးဒီလိုဘူးပုံစံနဲ့ tube နဲ့ 80g ဆိုပြီးအသေးထွက်ပါတယ်။ market ထဲမှာမျက်နှာလိမ်းတာလို့ပြောပေမယ့်တကယ်တော့အတူတူပါပဲ။နှစ်ခုစလုံးက body အတွက်ပဲဖြစ်ပါတယ်။မျက်နှာအတွက်ဆို spf စိတ်မချရသလို alcohol ပါဝင်မှုနှုန်းများလွန်းတာကြောင့်မျက်စိအရမ်းကိုစပ်ပြီးလိမ်းပြီးရင်မျက်ရည်တွေကျပါလိမ့်မယ်။


သူက spf 50 နဲ့ 31 ဆိုပြီးရှိတဲ့အထဲဝယ်မယ်ဆို 50 ကိုပဲဝယ်ပါ။နောက်ပြီးဒီဗူးနဲ့ပုံစံတူရိုးရိုး lotion လည်းရှိလို့မှားမဝယ်မိအောင်သတိထားနော်။အတုရှိမရှိတော့မသိပေမယ့် os တော်တော်များများမှာတော့ရတာ dan" တွေ့မိလို့ဝယ်ရလွယ်မှာပါ။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 250ml | 33k

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : mild floral | lightweight lotion | dewy

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : after applying 30 minutes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 :  normal > combination > oily + uv protection


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 :  alcohol, coix seeds extract, peach, rosemary, aloe vera, yuzu peel oil, coconut oil, sodium hyaluronic, parabens


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansdiary #dansbodycare #dansspflotion

#dans_kumano_cosme_reihaku_hatomugi_the_uv_milky_gel_review

Comments

Popular posts from this blog

dan's reject products