ပူလာတာနဲ့အမျှ skincare တွေကိုရေခဲသေတ္တာအောက်ထပ်ထဲထည့်ချင်လာကြတာမလို့ဘယ်ပစ္စည်းတွေကတော့ထည့်လို့ရတယ်မရဘူးဆိုတာ dan" ကပြောပြပေးပါ့မယ်။
ရေခဲသေတ္တာထဲထည့်လို့ရတဲ့ပစ္စည်းတွေကတော့ -
အရည်ကျဲကျဲ sheet mask နဲ့ hydro gel mask တွေ, oil-free cleansing water တွေ, toner တွေ, ရေလိုကျဲပြီး oil-free ဖြစ်တဲ့ treatment step တွေ, oil-free soothing gel နဲ့ gel တွေ, gel eye patch တွေ, vitamin c ကို pure-form နဲ့ treatment step တွေ, တချို့ lip balm နဲ့ lipstick တွေကရေခဲသေတ္တာအောက်ထပ်ထဲကိုထည့်သုံးလို့ရပါတယ်။
ရေခဲသေတ္တာထဲကိုထည့်လို့မရတဲ့ပစ္စည်းတွေကတော့ -
ခပ်ပျစ်ပျစ် texture ရှိတဲ့ sheet mask တွေ, gel cream နဲ့အထက် moisturizer တွေ, emulsion တွေ, oil ပါတာ (သို့) texture ပျစ်ပျစ်ရှိတဲ့ toner နဲ့ treatment step တွေ, eye cream တွေ, clay mask ကဲ့သို့ washoff mask တွေ, cleansing oil နဲ့ balm တွေ, facial foam တွေ, body lotion ကဲ့သို့ body care တွေ, sunscreen တွေ, colour cosmetics အများစု, hair care တွေ, ရေမွှေးတွေ ကတော့ရေခဲသေတ္တာအောက်ထပ်ထဲကိုထည့်သုံးလို့မရပါဘူး။
#dansdiary #dansrefrigerateproducts
#dansknowledgentips
Comments
Post a Comment