skincare တိုင်းက purging (ကန်ထွက်ခြင်း) မဖြစ်ဘူးနော်။
retinoids, AHA, BHA, PHA, LHA, TCA, enzymes, benzoyl peroxide, sulfur, vitamin c ( pure form ကိုပမာဏများမှသာ), niacinamide(ပမာဏများတာကိုတချို့ skin တွေမှသာ), azelaic acid, coenzyme Q10, resveratrol နဲ့ antibiotics တို့ကသာ purging ဖြစ်နိုင်ချေရှိပါတယ်။
ကျန်တဲ့ပါဝင်ပစ္စည်းတွေပါတဲ့ skincare တွေကို 3-7 ရက်လောက်သုံးလို့အဖုတွေကအသစ်တွေဆက်တိုက်ထွက်နေတယ်စပ်တယ်နီရဲတာမျိုးဖြစ်တယ် burning sensation မျိုးရတယ်ကန်ထွက်တာမဟုတ်ပဲမတည့်တာဖြစ်လို့ဆက်မသုံးပဲချက်ချင်းရပ်ပါ။
ဒါကိုဘာလို့ပြောလဲဆိုတချို့ကကန်ထွက်တာပါဆိုပြီးဇွတ်ဆက်လိမ်းခိုင်းရာကနေအခြေအနေပိုဆိုးသွားတာမျိုးတွေခဏခဏမြင်ရလို့ပါ။ဆိုတော့မတည့်တာနဲ့ကန်ထွက်တာသေချာခွဲခြားနိုင်ကြပါစေနော်။
စာကြွင်း - နဂိုထဲက underlying cause တစ်ခုခုရှိနေပါက skincare ကြောင့်မဟုတ်ပဲအဲတာကြောင့်လည်းအဆက်မပြတ်ထွက်တာနဲ့လိမ်းရင်ပူတာစပ်တာမျိုးတွေဖြစ်တတ်ပါတယ်။
#dansdiary #danspurging #dansknowledgentips
Comments
Post a Comment