နွေရာသီကိုတစ်ဖန်ပြန်ရောက်လာပြီဖြစ်လို့နွေရာသီမှာလုပ်သင့်မလုပ်သင့်တဲ့အရာလေးတွေကိုတစ်ခေါက်ပြန်နွှေးကြရအောင်ပါ။
1•နေအပူချိန်အလွန်ပြင်းတာကြောင့် sunscreen ကိုမျက်နှာ, လည်ပင်း, ဂုတ်, နားအနောက်, လက် နဲ့ခြေထောက်တွေကိုပမာဏပြည့်ပြည့်သေချာပုံမှန်လူးဖို့မမေ့ပါနဲ့။လိုအပ်ရင် reapply လည်းလုပ်ပေးပါ။
2•နွေရာသီမှာကအဆီပိုပြန်ချွေးပိုထွက်ဖုန်ပိုကပ်တာကြောင့် double cleansing ကိုသေချာပုံမှန်လုပ်ဖို့မမေ့ပါနဲ့။
3•အပူချိန်ပြင်းတာမလို့ထူထဲတဲ့ skincare တွေကိုလိမ်းတာကိုရှောင်ပေးခြင်းကနွေရာသီမှာအဆီဖုဝက်ခြံတွေဖြစ်တာကိုလျှော့ချပေးပါတယ်။
4•အပူချိန်မြင့်တာနဲ့အမျှဦးရေပြားမှာလည်းချွေးပိုထွက်အဆီပိုထွက်ဖုန်ပိုကပ်တာကြောင့်ခေါင်းကိုခါတိုင်းထက်ရက်စောစောလေးလျှော်ပေးခြင်းကနွေမှာဆံပင်ကျွတ်တဲ့ဒဏ်ကိုလျော့စေမှာပါ။ဥပမာခါတိုင်း 2ရက်ခြားတစ်ခါဆိုနွေမှာတစ်ရက်ခြားတစ်ခါလျှော်တာမျိုးပါ။
5•နွေရာသီမှာကအဆီပိုပြန်ချွေးပိုထွက်ဖုန်ပိုကပ်တာကြောင့် calming / soothing ဖက်သွားပြီး light weight ဖြစ်တဲ့ skincare လေးတွေကိုအဓိကသုံးပေးခြင်းက heat bumps လေးတွေကိုသက်သာစေပြီး skin temperature ကိုလျှော့ချပေးပြီး relief ဖြစ်စေပါတယ်။
6•နွေရာသီမှာကချွေးပေါက်ပိတ်လွယ်တာကြောင့်ချွေးပေါက်ပိတ်တာသက်သာအောင် exfoliators လေးတွေကိုပုံမှန်ထည့်သုံးပေးဖို့လည်းမမေ့ပါနဲ့။
7•ရာသီဥတုပူတာနဲ့အမျှ body acne တွေမိတ်တွေထလွယ်တာကြောင့်ရေပုံမှန်ချိုးဖို့နဲ့အင်္ကျီတွေကိုခဏခဏပြန်ဝတ်တာမျိုးမလုပ်ဖို့လည်းလိုပါတယ်။ anti-bacterial body wash လေးတွေသုံးတာကပိုကောင်းပါတယ်။
8•နွေရာသီမှာပေါ်တဲ့ရာသီစာတွေကအပူစာတွေများတာဖြစ်တဲ့အပြင်ရေဓာတ်ဆုံးရှုံးလွယ်လို့ရေများများသောက်ဖို့နဲ့အရည်ရွှမ်းတဲ့အသီးအနှံလေးတွေများများစားဖို့လည်းမမေ့ပါနဲ့။
9•နေအပူချိန်ကပိုပိုပြင်းလာမှာဖြစ်တာမလို့ဘယ်လိုပဲ sunscreen လူးလူးကိုယ်ကနေပူထဲထွက်ရတယ်ဆိုထီးဦးထုပ်နဲ့အကျီရှည်ဘောင်းဘီရှည်ဝတ်ဖို့ကိုလည်းမမေ့ပါနဲ့။
10•ပြင်ပအပူရှိန်များလာတာနဲ့အမျှအခန်းတွင်းမှာလည်းသက်ရောက်မှုရှိနိုင်တာဖြစ်လို့ skincare, hair care, body care နဲ့ fragrance products တွေကို formula တွေမပျက်ဆီးကုန်အောင်နေရောင်နဲ့တိုက်ရိုက်မထိဖို့နဲ့အပူချိန်မြင့်တဲ့အခန်းအတွင်းမှာမထားမိဖို့ကိုလည်းသတိထားပေးဖို့လိုပါတယ်။
#dansdiary #danssummeressentials #dansknowledgentips
Comments
Post a Comment