ဆံပင်ကျွတ်တာသက်သာချင်ရင်အဓိကအရင်းအမြစ်ပြသာနာဖြစ်တဲ့ root cause ကိုရှာဖို့လိုပါတယ်။
ဆံပင်ကျွတ်တိုင်းခေါင်းလျှော်ရည်နဲ့ hair care product တွေပြောင်းလိုက်တိုင်းချက်ချင်းဟက်ချလောင်းဆိုပြီးသက်သာတာမျိုးမဟုတ်ပါဘူး။ဆံပင်ကျွတ်စေတဲ့ root cause တွေကအများကြီးရှိပါတယ်။
အဓိက root cause ကိုမသိရင်မဖယ်နိုင်ရင်ဘယ်လောက်ဈေးကြီးတဲ့ shampoo တွေ tonic တွေတခြား treatment တွေဘယ်လိုပဲဝယ်သုံးသုံးပြောင်းသုံးသုံးအကျွတ်မရပ် အကျွတ်မသက်သာပါဘူး။
root cause ကိုရှာဖို့အဓိကအားဖြင့်ဆံပင်ကျွတ်တဲ့ root cause တွေအများစုတွေကဘာတွေလဲဆိုရင်တော့ -
1• ခေါင်းကိုဖုန်နှင့်အဆီအရမ်းများပြီးစေးကပ်တဲ့အထိမလျှော်ပဲထားခြင်း။
2• ကိုယ့်ရဲ့ဦးရေပြား ဆံသားတို့နှင့်ကိုက်ညီမှုမရှိသောပစ္စည်းများသုံးခြင်း။
3• စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဖိစီးမှုများလွန်ကဲစွာများနေခြင်း။
4• ဟော်မုန်းအပြောင်းလဲ၊ကိုယ်ဝန်ဆောင်ချိန်နှင့်သားဖွားချိန်။
5• ပုံမှန်မှီဝဲနေရသောသောက်ဆေးနှင့်ထိုးဆေး။
6• hair care product များအားစနစ်တကျအသုံးမပြုခြင်း (သို့) အသုံးပြုပုံမှားနေခြင်း။
7• ရာသီဥတုအကူးအပြောင်း၊ရေ မြေ လေ နေနှင့်ပတ်ဝန်းကျင်။
8• မျိုးရိုးဗီဇနှင့်အသက်အရွယ်။
9• ရောဂါတစ်ခုခုနှင့်ဆက်စပ်ခြင်း။
10• ခေါင်းကိုလိုတာထက်ပိုလျှော်ခြင်းနှင့် ဦးရေပြားခံနိုင်သည်ထက်ဆံပင်ရှည်နေခြင်း (သို့) ဆံသားဝိတ်များလွန်းနေခြင်း
11• ဆေးလိပ်လွန်ကဲစွာသောက်ခြင်း။
12• အသုံးပြုသောသုံးရေမကောင်းခြင်း။
13• ဆေးဆိုးဖြောင့်ကောက်ခဏခဏလုပ်ခြင်း။
14• scalp အခြေအနေမကောင်းမွန်နေခြင်း။
15• supplement, hormone treatment များနှင့်အဆင်မပြေခြင်း။
16• အာဟာရနှင့်ဗီတာမင်များပြည့်ဝစွာရရှိအောင်မစားသောက်ပဲ processed food တွေ junk food တွေ အပူအစပ်တွေအရမ်းစားခြင်း။
စတဲ့ root cause တွေကြောင့်အဓိကဆံပင်ကျွတ်ကြလေ့ရှိပါတယ်။ဆိုတော့ဘာကြောင့်ကျွတ်နေသလဲကဆိုတဲ့ root cause တွေကိုအရင်ဆန်းစစ်အဖြေရှာပြီးမှပဲကုသပါ။
အဲတာမှပဲအနာနဲ့ဆေးတည့်ပြီးပိုက်ဆံအပိုမကုန်ပဲသက်သာသွားမှာပါ။မဟုတ်ရင် haircare product တွေအများကြီးဝယ်သုံးပေမယ့်မသက်သာပဲကျွတ်မြဲကျွတ်ဆဲဖြစ်တတ်ပါတယ်။
#dansdiary #danshairnscalpcare #dansknowledgentips
Comments
Post a Comment