ဘာနဲ့မှမပျောက်တဲ့အမဲစက်, တင်းတိပ်, မှဲ့ခြောက်, PIH တို့အတွက်ဆို ဒီ dark spot serum ကအကောင်းဆုံးပါ။
အပေါ်ကပြောခဲ့တဲ့ hyperpigmentation တွေကို skincare နဲ့ကုမယ်ဆို dan" တို့အနေနဲ့ရွေးချယ်စရာနှစ်မျိုးရှိပါတယ်။ပထမတစ်ခုကတော့ brightening / lightening agent တွေနဲ့ကုတာပါသူတို့ကတဖြေးဖြေးမှိန်ပြီးသက်သာတယ်အချိန်အနည်းငယ်ပေးရတယ်။ အရမ်းကြာပြီဆိုဒါနဲ့သက်သာနိုင်ချေနည်းတယ်။
ဒုတိယကတော့အခု serum ထဲကလို exfoliation agent နဲ့ကုတာပါ။ exfoliation agent တွေကတော့ skin ပေါ်မှာ pigmented ဖြစ်နေတဲ့အမဲတွေကိုခဲဖျက်နဲ့ဖျက်သလိုပါးပြီးသိသိသာသာနဲ့မြန်မြန်သက်သာစေတယ်။အရမ်းကြာနေတာတွေကအစမြန်မြန်သက်သာတယ်။ result မြန်တယ်။ moisturizer နဲ့ sunscreen တော့သေချာဂရုတစိုက်လူးရတယ်။
ဒီ serum အကြောင်းစပြောရရင်သူက exfoliation agent ကိုမှ pigment အတွက်ပိုကောင်းတဲ့ AHA based serum ပါ။ skin အပေါ်အလွှာကို exfoliate လုပ်ပေးတဲ့ AHA အဓိကပါတယ်။သူ့မှာက AHA ကို molecule အသေးဆုံးဖြစ်တဲ့ glycolic acid 10% ကို key ingredient အနေနဲ့သုံးထားတယ်။
နောက်တစ်ခုကသူက AHA based ကိုမှ concentrated ဖြစ်လို့ exfoliator လို့ပြောရင်လဲမမှားဘူး။ဒါကြောင့်သူ့ကိုလိမ်းရင်အသားအရေကချောမွေ့ပြီးလင်းတာကိုလဲသိသိသာသာခံစားရတယ်။ပြောရရင် exfoliant တို့ထုံးစံအတိုင်း slow aging တို့, fine lines တို့, pore care တို့, skin smooth & bright ဖြစ်တာတွေအတွက်ပါကောင်းတယ်ပေါ့။
dan" ရဲ့ဘယ်ဘက်နှုတ်ခမ်းအောက်ထောင့်မှာ hormonal acne area ရှိတယ်။သူကအမြဲတစ်လတစ်ကြိမ် သို့ နှစ်လတစ်ကြိမ်လောက်ပေါက်တယ်။ပြည်မပါပဲဂျပ်ခဲကြီးပြီးလို့သက်သာရင်အမဲကွက်ကြီးကအကြာကြီးကျန်လေ့ရှိတယ်။ dan" ဒီ serum လိမ်းတဲ့အခါခဏလေးနဲ့အဲဒီ PIH ကပါးပြီးသိသိသက်သာတယ်။ဒါကြောင့်သူ့ကို star product အနေနဲ့ dan" ရွေးတာပါ။
သူ့မှာအားနည်းချက်တော့ရှိတယ်။ dan" မကြိုက်တာဆိုလဲမမှားဘူး။ packaging နဲ့ labelling ကလိုတာပါ အထဲက quality နဲ့လုံးဝမကိုက်ဘူး။နောက်တစ်ချက်ကတော့သူ့ serum ရဲ့အနံ့ကရှောက်ချိုပေါင်းအနံ့ပါ။အဲတာကနည်းနည်းလေးရနေကျအနံ့မဟုတ်တော့တစ်မျိုးဖြစ်တယ်။ဒါက artificial fragrance မဟုတ်ပဲသူ့ထဲပါတဲ့ extract တွေကရတာမလို့အသားအရေအတွက်တော့ထွေထွေထူးထူးစိတ်ပူစရာတော့မလိုပါဘူး။သိထားစေချင်ရုံပါ။
ချုံပြောရရင်ဖြစ်တာအရမ်းကိုကြာပြီးဘာနဲ့မှမပျောက်တဲ့တင်းတိပ်တို့, မှဲ့ခြောက်, sun spot တို့, age spot တို့, PIH တွေတို့က stage 2 နဲ့ 3 လောက်အထိကိုရှိနေရင်ဒီလိုခဲဖျက်နဲ့ဖျက်သလိုပါးပြီးမြန်မြန်သက်သာစေတဲ့အပြင်အသားကိုပါကြည်လင်းပြီးချောမွေ့လာစေတဲ့ exfoliant based serum အမျိုးအစားကအကောင်းဆုံးရွေးချယ်မှုပါပဲ။
အသုံးပြုပုံ : ညဘက်ပဲလိမ်းရသော serum အမျိုးအစားဖြစ်ပြီးစလိမ်းမယ်ဆိုပါကနှစ်ခြားတစ်ကြိမ်ကနေတစ်ရက်ခြားမှညတိုင်းထိတိုးလိမ်းနိုင်ပါတယ်။သူ့ကိုသုံးတဲ့အခါ moisturizer နှင့် sunscreen သေချာပမာဏပြည့်ပြည့်ဝဝလူးဖို့လိုအပ်ပါတယ်။မလူးနိုင်ပါကမသုံးပါနဲ့။
ပစ္စည်းအားစတင်အသုံးပြုသောကာလ : 3 | 3 | 2025
🛒 : mé beauty australian natural & organic skincare
{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 30ml | 50k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : yes | no
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : citrus | water-like | hydrates and smooth
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 4-8 weeks
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : no, yes, yes, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : all skin types + dark spot > melasma > age spot > sun spot > PIH > blackhead > whitehead > slow aging > brightening > rough skin texture > dull skin
🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : glycolic acid 10%, benzyl alcohol, alpha-bisabolol, vitamin e, grape seed oil, sunflower oil, sweet almond oil, seabuckthorn seed oil, resveratrol, licorice, rosemary
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#dansdiary #danseas #dans_mébeauty_glycolic_face_serum_review

Comments
Post a Comment