ဝက်ခြံဖြစ်ပြီိးကျန်ခဲ့တဲ့အမဲကွက် (PIH), အမဲစက် (dark spot), မှဲ့ခြောက် (freckles), တင်းတိပ် (melasma) ကဲ့သို့ hyperpigmentation တွေကိုလွယ်လွယ်ကူကူဘယ်လိုကုကြမလဲ? 


ကုသဖို့ဆို 1) root cause နဲ့ဖြစ်တဲ့အရာရဲ့သဘောသဘာဝကိုသိရမယ်, 2) နောက်ပြီးရင်ဖြစ်နေတဲ့ stage 1,2,3 ကိုသိရမယ်, 3) stage အခြေအနေပေါ်မူတည်ပြီးရွေးသုံးသင့်တဲ့ ingredient ကိုရွေးတတ်ဖို့နဲ့သုံးမယ့် ingredient အကြောင်းကိုနားလည်ဖို့ဆိုတဲ့ဒီအချက်သုံးချက်ပဲလိုပါတယ်။


ဒါတွေသိပြီဆိုကိုက်ညီတဲ့ product ကိုရှာဖွေလေ့လာဖတ်ရှူပြီးသုံးရုံပါပဲ။ဆိုတော့ဒီအချက်သုံးချက်ကိုလေ့လာလိုက်ရအောင်ပါ။


#dansdiary #danshyperpigmentation #dansknowledgentips



1• အဓိကဖြစ်စေတဲ့ root cause ကိုရှာဖွေခြင်းနှင့်သဘောသဘာဝကိုလေ့လာခြင်း။


skin မှာဖြစ်တဲ့ hyperpigmentation တွေက melanocytes လို့ခေါ်တဲ့ cell လေးတွေက melanin ဆိုတဲ့အမဲရောင်ခြယ်တွေများပြားစွာထွက်လာတာကြောင့်ဖြစ်ပါတယ်။ melanin ကမကောင်းတာမဟုတ်ဘူးနော်။ခန္ဓာကိုယ်ကမဲနေတဲ့ဆံပင်တို့မျက်ခုံးမွှေးတို့မျက်တောင်မွှေးတို့ကအမဲရောင်သူ့စီကရတာပါ။


melanin တွေကဘယ်အချိန်တွေမှာပိုပြီးလွန်ကဲစွာထွက်တတ်သလဲဆိုရင်တော့ နေလောင်တာ (solar lentigines), hormone အပြောင်းအလဲ(ဥပမာကိုယ်ဝန်ဆောင်ချိန်), ဝက်ခြံဖြစ်ပြီးတဲ့အခါ (PIH), ဒဏ်ရာအနာတရဖြစ်တဲ့အခါ, တချို့သောရောဂါပြသာနာတချို့နဲ့ ဆေးဝါးတစ်ချို့သောက်ရတဲ့အခါတို့မှာ melanin production ကလွန်ကဲလို့အမဲရောင်ခြယ်တွေအများကြီးဖြစ်စေပါတယ်။


ဥပမာ - hyperpigmentation တွေဖြစ်တဲ့ ဝက်ခြံဖြစ်ပြီးကျန်ခဲ့တဲ့ အမဲကွက် (PIH), အမဲစက် (dark spot), freckles (မှဲ့ခြောက်), melasma (တင်းတိပ်) တို့လိုတွေပါ။


ဒီ melanin ကြောင့်ဖြစ်တဲ့ skin concern တွေကပုံမှန်ဖြစ်စဉ်ပဲဖြစ်လို့ skincare နဲ့တင်ကုသလို့ရတာများပါတယ်။အဓိကဖြစ်ရတဲ့ root cause တွေကိုဖယ်ရှားပြီးစောစောစီးစီးကုသထိန်းသိမ်းဖို့တော့လိုတာပေါ့နော်။




2•ဖြစ်နေတဲ့ skin concern ရဲ့ stage အားခွဲခြားခြင်း။


hyperpigmentation ပြသာနာမှမဟုတ်ပဲ ဝက်ခြံ, ချွေးပေါက်နဲ့ဘယ် skin concern, ဘယ်ရောဂါ, ဘယ်လို concern တွေမဆို stage ခွဲခြားလို့ရပါတယ်။stage အခြေအနေကိုသိတာဘာကောင်းသလဲဆိုရင် stage အခြေအနေသိတဲ့အခါကုသတဲ့ method ကလည်းရွေးချယ်လို့ရပြီဖြစ်လို့ပိုပြီးမြန်မြန်သက်သာစေပါတယ်။


stage ကိုက ယေဘုယျအားဖြင့်သုံးခုခွဲပါတယ်။ဘာတွေလဲဆိုရင်- 


stage 1 (mild) : နည်းနည်းပဲဖြစ်တယ် သိပ်မဆိုးသေးဘူးစကုသသင့်ပြီ။

stage 2 (moderate) : နည်းနည်းများတယ် စဆိုးနေပြီးသေချာကုသသင့်ပြီ။

stage 3 (severe) : များပြီးတော်တော်ကိုဆိုးနေပြီမလို့ဂရုတစိုက်ပိုကုသင့်ပြီ။


ဒီ stage 3 ခုမှာကအမြဲ 1 နဲ့ 2 ကတော့ skincare နဲ့ရတတ်ကြပေမယ့် stage 3 တွေကတော့များသောအားဖြင့်ဆေးခန်းသွားမှသက်သာတာမျိုးတွေရှိပါတယ်(70% လောက်ပေါ့)



3• stage အခြေအနေပေါ်မူတည်ပြီး ingredient ရွေးချယ်ကာကုသခြင်းနှင့် ingredient အလုပ်လုပ်ပုံကိုလေ့လာခြင်း။


stage ကိုသိပြီးပြီဆိုကုသဖို့နည်းကိုရွေးချယ်ပြီးပြီဆို hyperpigmentation တွေကို target ထားတဲ့နေရာမှာအုပ်စုငါးခုရှိတာကိုသိရပါမယ်။တစ်မျိုးစီကအလုပ်လုပ်ပုံမတူကြပေမယ့်နောက်ဆုံး target ကတော့တူကြပါတယ်။ဒါပေမယ့်သေချာကိုက်ညီတာကိုတော့ရွေးချယ်ဖို့လိုတာပေါ့။


အုပ်စုငါးခုကဘာတွေလဲဆို tyrosinase inhibitors တွေ, melain transfer inhibitors တွေ, exfoliating agents တွေ, antioxidants တွေနဲ့ တခြားသော beneficial ingredient တွေပါ။နောက်ဆုံးတစ်ခုကလွဲရင်ကျန်တာတွေကပိုထိရောက်ကြပါတယ်။ကောင်းတဲ့ product တွေကိုက်ညီတဲ့ product တွေတော့ဖြစ်ရပါမယ်။


tyrosinase inhibitors တွေထဲမှာတော့ hydroquinone, kojic acid, alpha arbutin, licorice root extract, azelaic acid စတာတွေပါကြပြီးသူတို့ကဘယ်လိုအလုပ်လုပ်သလဲဆို tyrosinase လို့ခေါ်တဲ့ melanin ထွက်တဲ့နေရာမှာပါဝင်တဲ့ enzyme ကိုဟန့်တားပြီးတစ်ဖြေးဖြေးရှိနေတာတွေကိုသက်သာစေတဲ့ပုံစံနဲ့အလုပ်လုပ်ပါတယ်။


melanin transfer inhibitors တွေထဲမှာတော့ niacinamide ပါပါတယ်။သူက melanin တွေ skin cell စီမရောက်အောင်ကြားကတားဆီးပေးပြီးတဖြေးဖြေးသက်သာစေတဲ့ပုံစံနဲ့အလုပ်လုပ်ပါတယ်။


exfoliating agents တွေထဲမှာတော့ AHA, BHA, တွေဖြစ်ကြတဲ့ glycolic acid, salicylic acid တို့ပါတဲ့အပြင် cell turnover rate ကိုမြန်စေတဲ့ retinoid တွေကလည်းထည့်တွက်လို့ရပါတယ်။သူတို့တွေက skin cell turnover rate ကိုမြန်စေပြီး skin cell အသစ်တွေဖြစ်စေတာကြောင့်ရှိနေတဲ့အရာတွေကိုတစ်ဖြေးဖြေးပါးပြီးသက်သာစေတဲ့ပုံစံမျိုးနဲ့မြန်မြန်အလုပ်လုပ်ပါတယ်။


antioxidant တွေထဲမှာတော့ vitamin c ကို potent form ဖြစ်တဲ့ L-ascorbic acid တို့ vitamin e တို့ပါဝင်ပါတယ်။သူတို့က free radical damage တွေကကာကွယ်ပေးတဲ့အပြင် melanin ထွက်တာကိုဟန့်တားပေးတဲ့ inhibitor အနေနဲ့အလုပ်လုပ်လို့တဖြေးဖြေးသက်သာလာစေတာမျိုးပါ။


နောက်ဆုံးကတော့တခြားသော melanin အတွက်ကောင်းမွန်တဲ့ ingredient တွေပါ။ ဥပမာဆို bakuchiol,  soy, hippophae rhamnoides, onion, turmeric, bearberry, mulberry, acerola cherry, camu camu, rose hip, kakadu plum, tangerine, sea buckthorn, gooseberry, goji berry, hibiscus, parsley, baobab, lemon, lime, orange, grapefruit, lemon peel တို့လိုမျိုး plant derived ingredient မျိုးတွေပါ။သူတို့ပါတဲ့ product တွေကများသောအားဖြင့်ပျော့ကြတာတော့များပါတယ်။


ဆိုတော့အပေါ်ကပြောခဲ့တဲ့ ingredient တွေထဲ hyperpigmentation တွေကိုသက်သာစေဖို့ဆိုကိုယ်ဖြစ်နေတဲ့ stage 1, 2, 3 အပေါ်မူတည်ပြီးအောက်က hyoerpigmentation အတွက်အကောင်းဆုံးဖြစ်ကြတဲ့ ingredient 10 မျိုးထဲကပြန်ရွေးရပါမယ်။ 


⭐ = effectiveness ranking


1• hydroquione (stage 3)⭐⭐⭐⭐⭐

----------------------------------------

bleaching agent or skin-lightening agent လို့အသိများကြတဲ့ကောင်ဖြစ်ပါတယ်။သူကသက်သာတာလည်းမြန်သလို side effect ကလည်းအရမ်းများတာဖြစ်လို့မလိုအပ်ပဲမသုံးကြပါဘူး။တချို့နိုင်ငံတွေမှာဆို banned ထားပါတယ်။


သူက melanin production မှာပါဝင်တဲ့ tyrosinase ဆိုတဲ့ enzyme ကိုတားဆီးပေးပြီးသက်သာစေတဲ့ကောင်ပါ။အားလုံးထဲအသိသာဆုံး ingredient ဖြစ်သလို side effect အနေနဲ့ကလည်း melanin ထွက်စေတဲ့ melanocytes လေးတွေကိုပါပျက်ဆီးစေလို့ depigmentation နဲ့တခြားသောအရာတွေကိုပါဖြစ်စေနိုင်ပါတယ်။ဒါကိုကဖြစ်နိုင်ရင် doctor instruction ပါမှသုံးတာကောင်းပါတယ်။ early stage လေးတွေဖြစ်တဲ့ stage 1,2 တို့အတွက်ဆိုဒီကောင်ကမလိုပါဘူး။


2• retinoids (stage 1,2,3)⭐⭐⭐⭐⭐

----------------------------------------

retinol, retinal, tretinoin, adapelene စတဲ့ retinoids တွေလို့သိကြတဲ့ vitamin a တွေပါ။သူတို့တွေဘယ်လိုအလုပ်လုပ်သလဲဆိုရင်တော့ skin ရဲ့ cell turnover rate ကိုမြန်စေတာကြောင့် pigmented skin တွေကိုတစ်ဖြေးဖြေးဖယ်ရှားရင်းမှေးမှိန်သက်သာစေတာမျိုးပါ။


သူတို့က hyperpigmentation အတွက်တင်မဟုတ်ပါဘူး pore care, skin texture, anti-aging, brightening စတဲ့စတဲ့အာနိသင်တွေအစုံပေးနိုင်တဲ့ all-rounder Ingredient ဆိုလည်းမမှားပါဘူး။အသက် 20 နောက်ပိုင်းဆို skincare routine ကိုရှုပ်ရှုပ်ရှက်ရှက်မလုပ်ပဲစွဲသုံးသွားရင်ကိုကောင်းတဲ့ကောင်ပါ။


3• vitamin c (L-ascorbic acid) (stage 1,2,3)⭐⭐⭐⭐⭐

----------------------------------------------------------

သူက potent ဖြစ်တဲ့ powerhouse antioxidant ဖြစ်တဲ့အပြင် tyrosinase လို့ခေါ်တဲ့ melanin ထုတ်တဲ့နေရာမှာအဓိကနေရာကပါတဲ့ enzyme အလွန်အမင်းထွက်တာကိုဟန့်တားပေးလို့တစ်ဖြေးဖြေးသက်သာလာစေတဲ့ multifaceted ingredient ပါ။


vitamin c တွေဆိုပြီး market ထဲမှာအများကြီးရှိပေမယ့်အသိသာဆုံးကတော့ extract တွေကလာတာမဟုတ်ပဲ pure form ဖြစ်တဲ့ ascorbic acid / L-ascorbic acid (LAA) နဲ့ stable derivatives တွေဖြစ်ကြတဲ့ 3-O-ethyl ascorbic acid, ascorbyl tetraisoplamitate /tetrahexyldecyl ascorbate (THD ascorbate), ascorbic acid polypeptide, ascorbyl glucoside (AA-2G), sodium ascorbyl phosphate (SAP), magnesium ascorbyl phosphate (MAP), sodium ascorbate, ascorbyl palmitate တို့တွေပါ။


4• azelaic acid (stage 1,2)⭐⭐⭐⭐

--------------------------------------

azelaic acid ကလည်း tyrosinase ဆိုတဲ့ melain ထွက်တဲ့နေရာမှာအဓိကနေရာကပါဝင်တဲ့ enzyme ကိုဟန့်တားခြင်းနဲ့ hyperpigmentation တွေကိုသက်သာစေပါတယ်။


ဒီ azealaic acid ကတခြားသူတွေနဲ့မတူတာကတော့ anti-bacterial အာနိသင်ရှိတဲ့အပြင် gentle exfoliates  လုပ်ပေးတာကြောင့်အထူးသဖြင့် acne-prone တွေနဲ့ပိုသင့်တော်ပြီး post-acne marks တွေအတွက်အထူးပိုပြီးကောင်းမွန်တဲ့ multifaceted ingredient ပါ။


5• niacinamide (stage 1,2)⭐⭐⭐

-----------------------------------

အသိများကြတဲ့ vitamin b3 ကတော့ အမဲကွက်ဖြစ်စေတဲ့ melanin တွေကို skin cell (keratinocytes) တွေစီမရောက်အောင်တားဆီးပေးပြီးတဖြေးဖြေးသက်သာလာစေတာမျိုးပါ။


acne-prone friendly ဖြစ်တဲ့ skin-lightening ingredient ဖြစ်သလိုသူ့ရဲ့ gentleness ကြောင့် decade တွေကြာသည့်တိုင်အောင် skincare junkies တွေ lovely ဖြစ်တဲ့ multifacted star ingredient တစ်ခုအဖြစ်ရှိနေတုန်းပါ။သို့သော်သူက stage မြင့်မားတဲ့အနေအထားတွေအတွက်တော့ရွေးချယ်စရာအနေနဲ့မဟုတ်ပါဘူး။


6• kojic acid (stage 1,2,3)⭐⭐⭐⭐

-------------------------------------

သူကလည်း melanin production ထဲမှာပါတဲ့ tyrosinase ဆိုတဲ့ enzyme မထွက်အောင်ဟန့်တားပေးပြီးတစ်ဖြေးဖြေး hyperpigmentation တွေကိုသက်သာစေတာမျိုးပါပဲ။


kojic acid မှာထူးခြားတာကတော့သူက fungal acne infection အတွက်ပါကောင်းမွန်ပါတယ်။တစ်ခုရှိတာကတော့ formula က stable ဖြစ်ဖို့လိုပါတယ်။


7• alpha-arbutin (stage 1,2)⭐⭐⭐⭐

---------------------------------------

hydroquinone ရဲ့ gentle alternative ပါ။သူကတော့ melanin production ထဲမှာပါတဲ့ tyrosinase ဆိုတဲ့ enzyme မထွက်အောင်ဟန့်တားပေးပြီးတဖြေးဖြေးသက်သာလာစေတာမျိုးပါ​။


သူက hyperpigmentation အတွက်တင်ကောင်းမွန်တာမဟုတ်ပဲ skin tone boosting အတွက်ပါကောင်းမွန်တဲ့ကောင်ပါ။သူ့ချည်းပဲဆို result ကနှေးလို့တခြားသော skin brightening ingredient တွေဖြစ်တဲ့ nia တို့ vit c တို့နဲ့တွဲရင်ပိုပြီး result ကမြန်ပါတယ်။


8• glycolic acid (stage 1,2,3)⭐⭐⭐⭐⭐

--------------------------------------------

သူကတော့ skin ကို exfoliate လုပ်တဲ့နည်းနဲ့ skin ရဲ့အပေါ် layer က pigmented skin cells တွေကိုဖယ်ရှားပေးပြီးအမြန်ဆုံးသက်သာစေတာမျိုးပါ။ glycolic က AHA တွေထဲကတစ်မျိုးဖြစ်ပေမယ့် molecules အသေးဆုံးဖြစ်တာမလို့ပိုပြီးထိရောက်တဲ့ result ကိုအချိန်အဆိုအတွင်းပေးနိုင်ပါတယ်။


အထူးသဖြင့်တော့သူကသာမာန် skin-lightening ingredient တွေနဲ့မသက်သာတော့တဲ့ hyperpigmentation တွေအတွက်အထူးကောင်းမွန်တဲ့ အပြင် skin tone မညီတာ, skin texture မချောမွေ့တာ, bumpy ဖြစ်တာ နဲ့ fine lines & wrinkles တွေအတွက်ပါကောင်းမွန်တဲ့ multifaceted ingredient တစ်ခုဖြစ်ပါတယ်။


9• licorice root extract (stage 1)⭐⭐⭐

-----------------------------------------

licorice extract ကလည်း acne-prone skin တွေအတွက်ပိုကောင်းမွန်တဲ့ကောင်ပါ။သူ့မှာ glabridin ဆိုတဲ့ component ပါဝင်ပြီးသူက tyrosinase ဆိုတဲ့ enzyme ကိုဟန့်တားပေးတဲ့အပြင် liquiritin ဆိုတဲ့ compound ကရှိပြီးသား hyperpigmentation တွေကိုပါတဖြေးဖြေးသက်သာစေတဲ့ပုံစံနဲ့အလုပ်လုပ်ပါတယ်။


သူ့ရဲ့ထူးခြားချက်ကတော့ anti-inflammatory properties ပါရှိလို့ inflammation တွေနဲ့ redness တွေကိုပါသက်သာစေပြီး skin ကို soothing ဖြစ်စေတဲ့အာနိသင်ပါပါဝင်သေးလို့သူကလည်း multifaceted ingredient တစ်ခုပဲဖြစ်ပါတယ်။သို့သော်များသောအားဖြင့်ပျော့တာကြောင့်မြင့်မားတဲ့ stage တွေအတွက်တော့သိပ်အဆင်မပြေလှပါဘူး။


10•tranexamic acid (stage 1,2,3)⭐⭐⭐⭐

--------------------------------------------

TXA ကနောက်ပိုင်း skincare တွေမှာအသုံးများလာတဲ့ ingredient ဖြစ်လို့တော်တော်များများနဲ့မစိမ်းလောက်ပါဘူး။သူကဘယ်လိုအလုပ်လုပ်သလဲဆိုရင် melanin ထွက်စေတဲ့ထွက်စေတဲ့ process (melanogenenis) မှာ stimulate လုပ်တဲ့နေရာမှာပါဝင်တဲ့ plasminogen ကနေ plasmin ဆိုတဲ့ protein ပြောင်းခြင်းကိုဟန့်တားပေးတဲ့အပြင် melanocytes ဆိုတဲ့ melanin ထွက်စေတဲ့ကောင်နဲ့ keratinocytes လို့ခေါ်တဲ့ skin cell လေးတွေကြားမှာလည်းဝင်နှောင့်ယှက်ပေးသေးလို့ melanocytes လေးတွေရဲ့လုပ်ဆောင်နှုန်းကကျသွားစေပြီး hyperpigmentation တွေကိုတဖြေးဖြေးသက်သာစေတာမျိုးပါ။


နောက်ပြီး inflammatory mediators တွေထုတ်လုပ်မှုကိုပါလျှော့ချပေးနိုင်လို့ဝက်ခြံကနေ PIH ဖြစ်တာကိုလျော့ချဖို့အတွက်ပါအထူးကောင်းမွန်တဲ့ multifaceted ingredient ဖြစ်ပါတယ်။


special ingredient 

------------------

ဒီ category မှာက brand တွေကသီးသန့်မူပိုင် develop လုပ်ပြီးထုတ်တဲ့ ingredient တွေနဲ့ product တွေမှာအမည်မဖော်ပဲပါတဲ့ mela zero ထဲကလို ingredient တွေပါပါတယ်။မူပိုင်ထဲကဆိုဥပမာ eucerin က Thiamidol (isobutylamido thiazolyl resorcinol) လို patented ingredient လိုမျိုးနဲ့ mela zero ဆိုပြီး တင်းတိပ် (melasma) အတွက်ဆိုပြီး အနေနဲ့ပါကြတဲ့ 4-Butylresorcinol, Tetrapeptide-30, Neuro-light, B-white (oligopeptide-68), tyrosate (rumex occidentalis extract), melanostatine (nonapeptide-1), DGA (diglucosyl gallic acid), THC (tetrahydrocurcuminoids), hexylrecorsinol, undecylenoyl phenylalnine (sephiwhite MSH), acetyl glycyl beta-alanine တို့လိုတွေလည်းရှိပါသေးတယ်။


အချုပ်

------

ဆိုတော့အချုပ်ပြန်ပြောပြရရင် acne-prone ဆိုရင်အထူးသဖြင့် azelaic acid, AHA & BHA, TXA niacinamide, licorice extract တို့ကပိုသင့်တော်ပါတယ်။ကျန်တဲ့သူတွေအနေနဲ့ကတော့ vitamin c, TXA, AHA, alpha-arbutin, kojic acid, niacinamide နဲ့ hydroquinone တို့ထဲကရွေးချယ်တာပိုပြီးကောင်းပါတယ်။


ရွေးချယ်တဲ့နေရာမှာက product ရဲ့ formulation နဲ့ ingredient အပေါ်အများကြီးမူတည်ပြီး result တွေကကွာလို့သေချာရွေးချယ်ဖို့လိုပါတယ်။အပေါ်ကပြောတဲ့ဆယ်မျိုးပါတိုင်းအကုန်လုံးကသိသိသာသာသက်သာတာမျိုးမဟုတ်လို့ပါ။

Comments

Popular posts from this blog

dan's reject products