1st cleanser ဖြစ်တဲ့ cleansing water / miceller water မှာအကောင်းဆုံးဖြစ်တဲ့ bioderma ရဲ့ unique formula နဲ့ miceller water 500ml ကို 30000 လောက်နဲ့သုံးလို့ရအောင် dan" ရှာဖွေပေးထားပါတယ်။


cleansing water ကိုဈေးသက်သာပြီး quality အမြင့်ဆုံးထဲကဆို bioderma ရဲ့ဒီ abcderm ultra-gentle miceller water ကရွေးချယ်သင့်တဲ့ထဲကတစ်ခုပါပဲ။ hidden gem လေးတစ်ခုရှာပေးထားတာနော် xD


ဒါကတော့တကယ်တော့ baby လေးတွေမျက်နှာနဲ့ကိုယ်လက်သန့်စင်ဖို့ထုတ်ထားတဲ့ bioderma က ultra-gentle non-rinse miceller water ပါ။ ingredient 7 မျိုးကိုပဲသုံးထားတဲ့ minimalist formula နဲ့ဖြစ်လို့မတည့်နိုင်ချေနည်းသထက်နည်းပါတယ်။ဘာနဲ့မှမတည့်ဘူးဆိုတဲ့သူတွေနဲ့ကအစတည့်ဖို့ % များပါတယ်။


dermatologist tested ဖြစ်တဲ့အပြင် dan" သုံးတဲ့တစ်လျှောက်လုံးမျက်စိစပ်တာအခိုးရိုက်တာမျက်ရည်ကျတာမျိုးတွေမျိုးလုံးဝမဖြစ်ပါဘူး။ eye makeup မလိမ်းပေမယ့်လိမ်းပြီးဖျက်တဲ့ပုံစံနဲ့ပါစမ်းထားပါတယ်။သို့သော်မျက်လုံးထဲဒလဟောဝင်သွားရင်တော့ဘာနေနေစပ်တတ်တာကိုတော့သတိရရပါမယ်။


baby လေးတွေအတွက်ဖြစ်လို့ mild ဖြစ်တဲ့အပြင် ultra-gentle ဖြစ်တဲ့နှုန်းကတော့ပြောဖို့မလိုတော့ဘူးထင်ပါတယ်။ baby လေးတွေရှိတဲ့မားမားတွေဆို cleansing water သက်သက်ထပ်ဝယ်ဖို့ကိုမလိုတော့ဘူး။


baby လေးအတွက်မလို့ cleansing power နည်းမှာလည်းစိတ်ပူဖို့မလိုပါဘူး။ dan" သုံးကြည့်သလောက် sunscreen နဲ့ bb/ cc နဲ့ tone-up cream တို့လောက်အထိအေးဆေးပြောင်အောင်ဖျက်ပေးနိုင်ပါတယ်။ထန်ကုန် 2-3 ရွက်လောက် sensibio နည်းတူလောက်ပဲသုံးရတယ်။ကျန်တဲ့ colour cosmetic step တွေ type တွေကတော့ dan" မလိမ်းလို့မပြောတတ်တာပါ။


ဒါလေးက bioderma ရဲ့ sensibio ပန်းရောင်ကိုတော့မမှီပေမယ့် bioderma ရဲ့ unique ဖြစ်တဲ့  miceller technology ကိုပဲသုံးထားတာဖြစ်လို့အတော်လေးသုံးရတဲ့ feeling ကဆင်ပါတယ်။


ဒါကြောင့် 500ml ကို 30000 ဝန်းကျင်နဲ့ quality အမြင့်ဆုံးထဲကသုံးရတာတကယ်တန်လွန်းပါတယ်။ dan" နောက် sensibio အစားဒါပဲဆက်ဝယ်သုံးဖြစ်ဖို့များပါတယ်။ cleansing water ဆိုတာကပေါပေါသီသီသုံးရတာမလို့မြန်မြန်ကုန်တာမလို့ဒါနဲ့ကအရမ်းကွက်တိဖြစ်လို့လေ။


ဘူးက 1L = 1000ml တောင်ပါတာဖြစ်လို့တစ်ဘူးဝယ် 6လလောက်အဝသုံးရမှာပါ။ 1L ကိုမှသူက 62000 ဝန်းကျင်ထဲပါ။။


တစ်ဘူးဝယ်တစ်အိမ်လုံးသုံး၊တစ်ယောက်ထဲဆိုလည်းမျက်နှာလည်ပင်းခန္ဓာကိုယ်အကြိုက်သုံးပါလိမ့်ပဲ။

တစ်ခုရှိတာကတော့သူက PAO 6လပဲပါလို့ဖောက်ပြီး 6လအတွင်းကုန်အောင်သုံးရပါမယ်။


အပြစ်ရှာပြောမယ်ဆိုပါတဲ့ fragrance ရဲ့ဆပ်ပြာအနံ့လိုခပ်ဖျောဖျောအနံ့လေးပဲဖြစ်မယ်။ကျန်တာကတော့ bioderma ပဲဖြစ်လို့ဘာမှကိုပြောစရာမရှိပါဘူး ဘက်စုံကောင်းပါတယ်။


စာကြွင်း - ဘူးကြီးတယ်ဆိုပြီးစုဝယ်ပြီးတစ်ယောက်တစ်ဝက်ခွဲထည့်တာမျိုးလုပ်လို့မရပါနော်။ formula ပျက်ဆီးသွားပြီးမလိုလားအပ်တဲ့ပြသာနာတွေရမှာပါ။


🛒 : city care, bioderma counter လေးတွေမှာ နဲ့ baby store တွေမှာရတတ်ပါတယ်။ဝယ်ရအရမ်းတော့မလွယ်ပေမယ့်ဝယ်ရလွယ်တော့လွယ်တယ်လို့တော့ထင်ပါတယ်။မဟုတ်လည်း bioderma page ကနေမှာလို့ရမယ်ထင်တယ်။ dan" ကတော့ citycare ကဝယ်ပါတယ်။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 6M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 1000ml | 62k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : yes | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : mild soapy | water | refreshing

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 :  instant

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, no, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : all skin types + deep cleansing 


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : mild artifical fragrance


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansdiary #danscleanser #danscleansingwater

#dans_bioderma_abcderm_h2o_ultra_gentle_non_rinse_miceller_water_review

Comments

Popular posts from this blog

dan's reject products