30000 မပြည့်တဲ့ဈေးနဲ့ 120ml တောင်ပါပြီး mositurizing ကောင်းလွန်းတဲ့ budget အတော် save ဖြစ်တဲ့ moisturizer ပါ။


naeaga : kid & baby face lotion {detailed review}


naeaga (နဲအာဂါ) my baby ဆိုတဲ့ korea brand ကဒီတစ်ခုကတကယ်တော့ baby နဲ့ kid လေးတွေအပြင် mommy တွေအတွက်ရည်ရွယ်ပြီးအဓိကထုတ်ထားတာပေမယ့် super gentle ဖြစ်တဲ့ formulation, light weight texture နဲ့ moisture ကောင်းကောင်းပေးနိုင်တဲ့ပါဝင်ပစ္စည်းတွေကြောင့် super sensitive skin တွေကအစအားလုံးနီးနီးသုံးလို့ရတဲ့ moisturizer ကောင်းကောင်းလေးတစ်ခုဖြစ်သွားတယ်။


texture က lotion လို့ဆိုပေမယ့် gel cream လေးလိုပဲလူးရတာကျဲပြီးသွက်တဲ့အပြင် key ingredient က emollient ဖြစ်တဲ့ macadamia oil နဲ့ side ingredient တွေဖြစ်တဲ့ sunflower oil, vitamin e, panthenol, HA 5 မျိုးကဲ့သို့ moisturizing ကောင်းတဲ့ ingredient တွေအများကြီးပါတာကြောင့်အတော်လေးကိုရိုးရိုးရှင်းရှင်းနဲ့ ဘာ ingredient နဲ့မဆိုတွဲလို့ရတဲ့ moisturizing ကောင်းတဲ့ moisturizer ပါ။ရိုးရှင်းချက်က niacinamide လို popular ingredient ကအစမပါပါဘူး။


လိမ်းထားရင်ပူတာထူတာမျိုးမခံစားရပဲ moisture ကောင်းကောင်းရနေတယ်လို့ခံစားရတယ်။ညဘက်အခန်းကအရမ်းအေးနေရင်တောင်အသားခြောက်တာတင်းတာမျိုးမဖြစ်ဘူး။မနက်ညလိမ်းလို့အဆင်ပြေတယ်။ပမာဏကတော့ dan" ကမနက်ဆိုညထက်လျှော့လူးပါတယ်။ညဘက်ဆိုလက်နှစ်ဆစ်လောက်ကပုံမှန်လူးဖြစ်တယ်။


key ingredient ဖြစ်တဲ့ macadamia oil ကြောင့် skin ပေါ်မှာ barrier လေးတစ်ခုက seal လုပ်ပေးထားလို့အစိုဓာတ်လေးကကြာကြာရှိနေပြီးစိုစိုအိအိလေးဖြစ်တယ်။အဆီပြန်သလိုမတရားပြောင်လတ်နေတာမျိုးကြီးမဖြစ်ဘူးဆိုပေမယ့်ထုံးစံအတိုင်းပမာဏကတော့ကိုယ့်အတွက်လိုအပ်သလောက်ကိုယ်ချိန်လူးရပါမယ်။ skin types အရဆိုသူ့ကိုက normal ကနေ slightly dry skin အလောက်ထိလူးလို့ရလောက်တဲ့အနေအထားမှာရှိတယ်။


alcohol, essentil oil နဲ့ silicone free ဖြစ်ပြီးသူ့ကိုကအားနည်းချက်ရှာပြီးပြောမယ်ဆိုပါတဲ့ ylang ylang အနံ့ပြောရရင် baby product တွေမှာပါတတ်တဲ့ ပန်းနံ့နဲ့နို့အနံ့အရောလို fragrance လေးကမွှေးနေတာပဲရှိပါတယ်။ dan" ကတော့ personally baby mild တို့လို baby product တွေကအနံ့တွေကိုအရမ်းကြိုက်သူမလို့သူ့အနံ့ကိုကြိုက်ပါတယ်။


artificial fragrance ဆိုပေမယ့်ဒီနေရာမှာပါတဲ့ fragrance အမျိုးအစားကအရမ်းကိုနူးညံ့တဲ့ baby skin လိုမျိုးပေါ်မှာကအစ safe ဖြစ်တဲ့ fragrance အမျိုးအစားသုံးထားတာမလို့လူကြီးတွေအတွက်ဘာမှစိတ်ပူစရာမရှိသလောက်ပေမယ့် unscented / fragrance free ဖြစ်တဲ့ပစ္စည်းတွေနဲ့မှအဆင်ပြေတယ်ဆိုရင်တော့ဒါကိုမရွေးပါနဲ့။


ချုံပြောရရင် 120ml ပါတဲ့ super sensitive skin friendly တွေအထိအဆင်ပြေပြီး moisturizing ကောင်းတဲ့ဘာ ingredient နဲ့မဆိုတွဲလို့ရတဲ့ moisturizer ရိုးရိုးရှင်းရှင်းလေးတစ်ခုကို 28000 ထဲနဲ့ 120ml ရတာကတော့တကယ်ကိုသုံးပျော်လွန်းတာပါ။ moisture ကောင်းကောင်းပေးနိုင်တာကြောင့်အများကြီးလည်းလူးစရာမလိုတာမလို့တစ်ဘူးဆိုအကြာကြီးလည်းခံကြမှာပါ။


🛒 :  naeaga ဝယ်ဖို့ဆိုမှာမေးဝယ်ပါနော်။သီတင်းကျွတ် promotion တွေလည်းရှိနေတာမြင်မိလို့ဒီအချိန်ဝယ်ရင်ပိုပြီးကိုသက်သာပါတယ်။ bb lab နဲ့ yoon skin တို့နဲ့အတူတူပဲဖြစ်လို့ရောဝယ်ချင်တာရှိရင်ရောဝယ်ပါ deli ခပါပိုသက်သာတာပေါ့။



•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M 

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 120ml | 28k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : ylang ylang | medium weight gel cream | hydrates & deep moisturized

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 :  2-4 weeka

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, no, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination > oily > slightly dry + dehydrated > dry & flaky > skin barrier repair  > pH balancing > irritation


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။ 


#dansdiary #dansmoisturizer #dans_naeaga_kid_and_baby_face_lotion_review


 

Comments

Popular posts from this blog

dan's reject products