မြန်မာနိုင်ငံကသူတွေအများစုနဲ့အကိုက်ညီဆုံး ampoule တွေထဲကတစ်ခုပါ။ dan" ရဲ့ 2024 favourite treatment step တွေထဲကတစ်ခုဆိုလည်းမမှားပါဘူး။
ဆားဝက်ခြံ၊အဆီဖု၊အဆီခဲ၊အဆီမျှင်၊ဝက်ခြံ၊ချွေးပေါက်ပိတ်တာ၊အသားအရေမကြည်တာ၊အဆီပြန်ပြီးချွေးပေါက်ကျယ်တာတို့ကိုသိသိသာသာသက်သာစေမယ့် daily gentle exfoliant treatment step ဖြစ်ပါတယ်။
ဒါမျိုး treatment step က trouble-skin တွေနဲ့အရမ်းကိုက်လို့ dan" ရှာနေတာတော်တော်ကိုကြာပါပြီ။သူ့ရဲ့ result ကလည်း dan" မှန်းထားတာနဲ့ကွက်တိကျတယ်။မပြင်းမပျော့ကိုမှ result က long time မှာသိသိသာသာလေးထွက်တယ်။
သူက leave-on exfoliant treatment step အမျိုးအစားဖြစ်လို့ခဏပဲသစ်ပြီးရေဆေးချရတဲ့ cleanser တွေမှာပါတဲ့ salicylic acid တွေကိုသုံးတာထက် result ကအဆပေါင်းများစွာပိုကောင်းပါတယ်။
ဒီမှာပါတဲ့ key ingredient ဖြစ်တဲ့ salicylic acid ကအဆီမှာပျော်ဝင်နိုင်တာကြောင့်ချွေးပေါက်ထဲကအဆီပိုနဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးပြီးချွေးပေါက်ပိတ်တာနဲ့အဆီပြန်ပြီးချွေးပေါက်လေးပွပြီးကျယ်တာတွေကိုလျော့ကျသက်သာစေတာပါ။
အဓိကကတော့ဒီ ampoule မှာက salicylic acid 0.5% + matcha + peptides 9 မျိုးနဲ့အဓိက formulated လုပ်ထားတယ်။ pore cleaning & tightening, gentle exfoliantion, oil-control နဲ့ acne-control ဖက်ကိုသွားပါတယ်။ပုံမှန်လိမ်းတဲ့အခါအဆီပြန်ဝက်ခြံနဲ့အဆီဖုထွက်တာနဲ့ချွေးပေါက်ပွစိစိဖြစ်တာမျိုးကိုသိသိသာသာသက်သာစေတယ်။
ခုသုံးခုဝုန်းခနဲ့သက်သာသွားတာမျိုးမဟုတ်ပဲညတိုင်းပုံမှန်သုံးသွားတဲ့အခါမှာတဖြေးဖြေး skin texture ကပိုပြီး clear & smooth ဖြစ်လာပြီးရေရှည် skin texture ကိုကောင်းနေစေတာမျိုးပါ။
14 ညလောက်သုံးပြီးရင်သူ့ရဲ့ result ကိုစပြီးခံစားရပါမယ်။ dan" perspective ကပြောတာဖြစ်လို့ပိုလည်းစောနိုင်သလိုနည်းနည်းလည်းနောက်ကျနိုင်ပါတယ်။
လူးတဲ့အခါ layering တွေအများကြီးလိုက်တာထက်မျက်နှာသစ်ပြီးသူ့ကိုတန်းလိမ်းပြီး moisturizing ကောင်းတဲ့ moisturizer လေးထပ်အုပ်တာကသူ့ result ကိုသိသိသာသာပိုမြင်ရတယ်။မနက်ကျ spf သေချာလိမ်းဖို့တော့လုံးဝမမေ့ပါနဲ့။
texture က lightweight ဖြစ်ပြီးရေထက်နည်းနည်းပဲပျစ်တယ်။အနံ့ကလည်း matcha အနံ့ဖျော့ဖျော့လေးပဲပါပါတယ်။ hydration လေးကလည်းသင့်တယ်။exfoliant ဆိုပြီး dry out လုံးဝမဖြစ်ဘူး။
သူကအစကပြောခဲ့တဲ့အချက်တွေဖြစ်တဲ့ဆားဝက်ခြံ၊အဆီဖု၊အဆီခဲ၊အဆီမျှင်၊ဝက်ခြံ၊ချွေးပေါက်ပိတ်တာ၊အသားအရေမကြည်တာ၊အဆီပြန်ပြီးချွေးပေါက်ကျယ်တာတို့ရဲ့ stage 1 နဲ့ 2 လောက်ထိကောင်းကောင်းကုသပေးနိုင်လို့ဒီ skin concen တွေကသာပြသာနာဆိုလုံးဝ miss out မဖြစ်သင့်သောပါ။
အကယ်၍ဆားဝက်ခြံတွေကအရမ်းမြင်သာပြီးအဆံကြီးပြီးနက်နေတာမျိုးဆိုရင်တော့တစ်ခါလောက်ရေနွေးငွေ့လေးခံညှစ်ထုတ် after care လိုက်ပြီးမှနှစ်ရက်လောက်အကြာကျညဘက်တွေမှာသူ့ကိုပုံမှန်သုံးတာမျိုးကသိသိသာသာလျော့ကျသက်သာစေပါလိမ့်မယ်။
🛒 : dr.ceuracle official myanmar
{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 30ml | 39.5k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : green tea | watery | hydrate
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 2-4 weeks
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, no, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : oily > combination > normal + blackhead > whitehead > sabaceous filaments > acne-prone > exfoliate > brightening > pore care > acne-fighting
🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : green tea, salicylic acid
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#danseas #dans_dr_ceuracle_vegan_bha_and_macha_ampoule_review

Comments
Post a Comment