သတိမထားမိပေမယ့်မျက်နှာနီးတူပုံမှန်သေချာလေးဂရုစိုက်သင့်တဲ့အစိတ်အပိုင်းတွေရှိပါတယ်။
1•မျက်လုံး
မျက်လုံးကတော့တကယ်ကိုဂရုစိုက်သင့်ပါတယ်။အခုခေတ်ကဖုန်းတွေ laptop တွေဆိုတာခွာလို့မရသလိုအာရုံစိုက်ရတဲ့အလုပ်တွေအရမ်းများတာဖြစ်လို့မျက်လုံးကိုသေချာလေးအခုထဲကဂရုစိုက်သင့်တာပါပဲ။ဥပမာ - မျက်စိအားဆေးသောက်တာ, screen time လျှော့တာ, မျက်စဉ်းခပ်တာ, eye patch လေးတွေကပ်တာ, etc.. ကဲ့သို့တွေနဲ့သေချာဂရုစိုက်သင့်ပါတယ်။ထိခိုက်သွားရင်အပိုလဲမပါလို့လဲလို့လဲမရပါဘူး။
2•သွားနှင့်ခံတွင်း
ဒါကတော့တကယ်ကိုအရေးအကြ်ီိးတဲ့ကဏ္ဍပါ။ oral care ကလူတိုင်းဂရုတစိုက်လုပ်ကိုလုပ်သင့်ပါတယ်။ကိုယ်တိုင်လုံးဝဆေးမြီးတိုနဲ့ကုသလို့မရသလိုဖြစ်ရင်အရမ်းခံရပါတယ်။ dan" တော့တစ်ခါကိုယ်တွေ့ကြုံပြီးထဲကခါတိုင်းထက်ဆယ်ဆလောက်ဂရုပိုစိုက်ဖြစ်သွားပါတယ်။ဒါကြောင့်ခုထဲကမနက်ညသွားပုံမှန်တိုက်တာ, သွားတိုက်ဆေးကောင်းကောင်းသုံးတာ အစရှိတဲ့ oral care အပိုင်းကိုအထူးလိုက်စားသင့်ပါတယ်။မဟုတ်ရင်ခံတွင်းအနံ့မကောင်းတာဘာညာကဲ့သို့ oral နဲ့ဆိုင်တဲ့ concern တွေဖြစ်ရင် လူတောမတိုးဖြစ်တာ, ကဲ့ရဲ့ခံရတာတွေဖြစ်နိုင်သလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းလျော့ပါတယ်။
3•လည်ပင်းနဲ့ဂုတ်
ဒါကတော့ skincare ရင်မျက်နှာနဲ့ body care တွေလုပ်ကြပေမယ့် လည်ပင်းနဲ့ဂုတ်ကတော့အမြဲကပ်ကျော်နှစ်နေရာပါ။လည်ပင်းဆို aging sign တွေပေါ်လွယ်လို့ treatment step, moisturizer (or) lotion နဲ့ sunscreen (or) body spf တွေသေချာလူးသင့်တဲ့အပြင်ဂုတ်ဆိုရင်လည်းဂုတ်ဆွေးမဲကြီးမဖြစ်ရအောင်ရေချိုးရင်သေချာဆပ်ပြာတိုက်ဖို့နဲ့လည်ပင်းနီးတူမနက်ညလိမ်းချယ်ဖို့လိုအပ်ပါတယ်။
4•လက်ဖဝါးနဲ့ခြေဖဝါး
ဒါကလဲမလိုဘူးထင်ရပေမယ့်တကယ်တော့ဂရုစိုက်ဖို့လိုပါတယ်။အသက်အရွယ်ကြီးလာတာနဲ့အမျှလက်တွေကအဆီထွက်တာနည်းလာလို့ခြောက်သွေ့ကွဲအက်တာနဲ့အရေပြားလန်တာအသားမာတတ်တွေကြုံရနိုင်တဲ့အပြင်ဂရုမစိုက်ရင်ရှိတဲ့အသက်ထက်လက်နဲ့ခြေထောက်တွေကပိုအိုမင်းနေတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့် hand cream နဲ့ foot cream လေးတွေသေချာခုထဲကလိမ်းပါ။ဘယ်သူ့မှကိုယ့်လက်ကိုမကိုင်ရင်တောင်လက်လေးအိစက်နေရင်ကိုယ်တိုင်စိတ်ချမ်းသာရသလိုခြေထောက်လေးဖွေးသန့်ဖြူနေရင်လည်းအမောပြေရပါတယ်။
5•လိင်အင်္ဂါများ
အသက်အရွယ်ရလာတာနဲ့အမျှကိုယ်ရဲ့ညီလေးညီမလေးတွေသန့်ရှင်းကျန်းမာမွှေးပျံ့နေဖို့ပိုပိုပြီးကိုဂရုစိုက်သင့်ပါတယ်။ဒါကအခြေခံအချက်ဖြစ်လို့ဂရုစိုက်ဖို့လိုကိုလိုအပ်ပါတယ်။လူရယ်လို့ဖြစ်လာရင်ကျိန်းသေမလွဲမသေကျားရောမပါဟောင်ဟောင်မဖြစ်အောင်ဂရုစိုက်ရပါမယ်။
6•ဦးရေပြားနဲ့ဆံသား
နောက်ဆုံးအနေနဲ့ထိပ်ဆုံးကိုပြန်သွားရရင် ဦိးရေပြားနဲ့ဆံသားကလဲတကယ်ကိုဂရုစိုက်သင့်ပါတယ်။တဖြေးဖြေးအသက်အရွယ်ကြီးလာတာနဲ့အမျှ lifestyle အရရော aging ဖြစ်လာတာကြောင့်ရော ဦးရေပြားနဲ့ဆံသားတွေကယိုယွင်းလာတာဖြစ်လို့အခုထဲကသေချာလေးဂရုစိုက်ထားသင့်ပါတယ်။ဒါမှပဲပြောင်ကြီးစောစောမဖြစ်မှာပါ။
#dansdiary #dansknowledgentips
DAN ရေ အဆီအရမ်းပြန်တယ် အဆီဖုအရမ်းထွက်တယ် ဆိုပြီး skincare set လိုက်ညွှန်းထားတဲ့ပိုစ့်လေး fb ပေါ်တွေ့လို့လာတာပါ အဲ့ပိုစ့်လေးက web ပေါ်မတွေ့လို့ပါ Jan 16 က ပိုစ့်လေး
ReplyDelete